




Shoon (Cele daily)

Unicode

တန်ဖိုးရှိသောစာရွက်တွေကြောင့် အသက်၉၂နှစ်အရွယ်အဖိုးအိုကို လက်ထပ်ခဲ့သည့် အသက်၂၉နှစ်အရွယ် အမျိုးသမီး

ယခုအဖြစ်အပျက်သည် တောင်အာဖရိကတိုက် ဇမ်ဘီယာနိုင်ငံတွင်ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပါသည်။အသက်အရွယ်ဆိုသည်မှာ အချို့လူများအတွက် ကိန်းဂဏန်းတစ်ခုသာဖြစ်ပေသည်။

အချစ်စစ်ဆိုသောအရာသည်မှာလည်း ငွေကြေးကိန်းဂဏန်းများကြောင့် ပျောက်ပျက်လာခဲ့ရပြီဖြစ်သည်။အချစ်တစ်ခုသာလိုအပ်သည်ဟု ပြောနေသူများ၏ရှေ့တွင်လည်း ငွေကြေးကိန်းဂဏန်းရှိသူသည်ကသာလျှင် မျက်နှာပန်း ပိုမိုပွင့်လန်းကြသည်။

ဇမ်ဘီယာနိုင်ငံမှအသက်၂၉နှစ်အရွယ်အမျိုးသမီးသည်လည်း အသက်၉၂နှစ်အရွယ် သူဌေးတစ်ဦးကို အချစ်ဟူသော ခေါင်းစဥ်တပ်ကာ လက်ထပ်ယူခဲ့ပါသည်။အသက်၂၉နှစ်အရွယ် အမျိုးသမီးကို အခြားလူများက “ငွေကြေးကလွဲပြီး ဘာမှမဂရုစိုက်မှုရရှိနိုင်လို့လဲ” “ငါတို့အမျိုးသမီးတွေ သိက္ခာကျရပြီ”စသည်ဖြင့် ဝေဖန်ပြောဆိုမှုများကို ခံခဲ့ရပါသည်။

ထိုအမျိုးသမီးသည် သူမအား မည်မျှပင် ဝေဖန်စေကာမှု ဂရုစိုက်မှုမရှိပဲ ရဲဝံစွာဖြင့် အသက်၉၂နှစ်အရွယ် သူဌေးကြီးကို လက်ထပ်ယူခဲ့ပါတယ်။သူမသည် အမှန်တကယ် ချစ်မြတ်နိုးသောကြောင့် ဝေဖန်မှုများကို ရင်ဆိုင်ကာ လက်ထပ်ယူခဲ့ခြင်းဟုသာ မှတ်ချက်ပြုမိသည်။

Shoon (Cele daily)

  • Leave a Comment