Shoon (Cele Daily)
Unicode
ကမ္ဘာပေါ်မှာ အထူးဆန်းဆုံးသော အများသုံးအိမ်သာနံရံ၏ဖူးစာ
လူသားတိုင်းသည် အချစ်ဆိုသောအရာနှင့် တစ်ချိန်ချိန်တွင် ထိတွေ့လာရစမြဲပင်ဖြစ်သည်။အချစ်ဆိုသော စကားသည် အဓိပ္ပါယ်ဖွင့်ဆိုရန် အလွန်ပင်ခက်ခဲသော ဒြပ်မဲ့အရာတစ်ခုဖြစ်သည်။အချစ်သည်အလွန်ပင်ဆန်းပြားလှပြီး တစ်ခါတစ်ရံတွင် ရင်းနှီးမှုမရှိသော တစ်စုံတစ်ယောက်ကိုပင် မြင်မြင်ချင်းချစ်မိသွားသည်မျိုး ဖြစ်တတ်သည်။
ယခုတွင်လည်း အင်္ဂလန်နိုင်ငံမှ အသက်၅၅နှစ်အရွယ် အမျိုးသားတစ်ဦးသည် ကမ္ဘာပေါ်မှအထူးဆန်းဆုံးသော နည်းလမ်းဖြင့် ဖူးစာရှင်အစစ်ကိုရှာတွေ့ခဲ့ခြင်းဖြစ်ပါသည်။အင်္ဂလန်န်ိုင်ငံအနောက်ပိုင်းရှိပြည်နယ်တစ်ခု၏ အများသုံးအိမ်သာတွင် ၅၅နှစ်အရွယ် အမျိုးသားသည် အိမ်သာတတ်နေစဥ် အိမ်သာနံရံတွင် တွေ့ရှိခဲ့သော ဖုန်းနံပါတ်တစ်ခုမှ ဇာတ်လမ်းစကာ ဖူးစာရှင်အား တွေ့ရှိခဲ့ခြင်းဖြစ်သည်။
နံရံပေါ်တွင် “သင့်အတွက် ကောင်းမွန်သောအရာကိုလိုချင်ရင် ဒီဖုန်းနံပါတ်ကိုခေါ်ပါ”ဟုရေးသားထားခြင်းဖြစ်သည်။အမျိုးသားသည်လည်း ဖုန်းနံပါတ်ပိုင်ရှင်အား ဆက်သွယ်ခဲ့ရာမှ စစ်မှန်သော ဖူးစာရှင်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
Shoon (Cele Daily)
  • Leave a Comment