





Shoon (Cele Daily)

Unicode

မျက်နှာတစ်ခုလုံးကို ရစရာမရှိအောင် ကုတ်ခြစ်ခံခဲ့ရသော်လည်း အချစ်မပျက်ခဲ့သည့် ဂရုဏာရှင်ကလေးငယ်

ကျွန်ုပ်တို့လူသားများသည် အိမ်မွေးတိရိစ္ဆာန်များကို မွေးမြူကြသည်မှာ ရှေးယခင်ကတည်းက အလေ့အထတစ်ခုပင်ဖြစ်ပေသည်။လူသားတို့သည် အထီးကျန်ဆန်ခြင်းများကို တိရိစ္ဆာန်လေးများ မွေးမြူခြင်းဖြင့်လည်း ကုစားတတ်ကြသည်။

တိရိစ္ဆာန်လေးများကို ကလေးငယ်လေးများသည် အလွန်ပင်ချစ်ခင်နှစ်သက်ကြသည်။ကလေးငယ်များနှင့် အိမ်မွေးတိရိစ္ဆာန်များ၏ သံယောဇဥ်သည် လူကြီးများ၏ တိရိစ္ဆာန်အပေါ်တွင်ထားရှိသော သံယောဇဥ်ထက် ပိုမိုကြီးမားလှပေသည်။

တစ်ခါတစ်ရံတွင် မိဘများက အလုပ်မအားလပ်သဖြင့် ကလေးငယ်တို့ကို တစ်ယောက်တည်းထားခဲ့ရသည့် အချိန်မျိုးတွင် အိမ်မွေးတိရိစ္ဆာန်လေးတို့ကပင် အဖော်လုပ်ပေးတတ်ကြသည်။

ထိုင်းနိုင်ငံမှ အသက်၇နှစ်အရွယ် ကလေးမသည်လည်း ကြောင်လေးနှင့်အတူ ဆော့ကစားနေစဥ် ကြောင်လေးမှ ကလေးမလေးအား မျက်နှာတစ်ခုလုံးကို ကုတ်ခြစ်ပစ်ခြင်းကို ခံခဲ့ရပါသည်။

ထို့သို့ကုတ်ခြစ်ခံရသောကြောင့် ကလေးမ၏ဖခင်က စိတ်ဆိုးဒေါသထွက်ကာ ကြောင်အား မထိစေပဲ ပြစ်ထားရန် ပြောဆိုခဲ့ပါသည်။သို့သော် ကလေးမလေးက ကြောင်ကလေးကိုမပစ်ထားနိုင်ပဲ ရင်ထဲတွင် အမြဲထွေးပွေ့ထားကာ အချစ်မပျက် ချစ်နေခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment