Shoon (Cele Daily)
Unicode
ရောဂါကာလတွင် စားစရာမရှိတော့သဖြင့် ကုန်စုံဆိုင်မှ ကော်ဖီထုပ်ခိုးတဲ့ အိမ်ရှင်မအချောလေး ထောင်ဒဏ်ချမှတ်ခံရပြီ
ရောဂါ၏အဖြစ်ဆိုးလှသော ရိုက်ခတ်မှုဒဏ်ကို ခံစားရသည်မှာ ကမ္ဘာပေါ်ရှိ လူသားအားလုံးပင်ဖြစ်ပေသည်။ဝမ်းရေးအတွက် ဖြေရှင်းရန် ခက်ခဲလာကြသည်မှာလည်း လူတိုင်းပင်ဖြစ်လာခဲ့ချေပြီ။စားရေးသောက်ရေးအတွက် မိသားစုကိုကြည့်ကာ အရှက် ဂုဏ်သိက္ခါတို့ကိုပင် ဘေးဖယ်ထားပြီး ဝမ်းစာအတွက် ကြိုးစားလာကြသူများလည်းရှိလာခဲ့ပါသည်။
ယခုတွင်လည်း မလေးရှားနိုင်ငံမှ ချောမောလှပသော အမျိုးသမီးတစ်ဦးသည် သူ၏မိသားစု စားဝတ်နေရေးခက်ခဲ့လာသဖြင့် ကြံရာမရဖြစ်ကာ ကုန်စုံဆိုင်တစ်ခုမှ ကော်ဖီသေတ္တာနှစ်လုံး မုန့်ထုတ်များနှင့် နိုဆီဗူး၄ဗူးတို့ကို ခိုးယူခဲ့ပါသည်။ထို့သို့ခိုးယူနေသည်ကို ဆိုင်ရှင်မှ ရိပ်မိသွားခဲ့သဖြင့် ရဲစခန်းသို့ တိုင်းကြားခဲ့ပါသည်။
ရဲစခန်းသို့ရောက်သော အခါတွင်လည်း သူမက အမှန်တကယ်ခိုးယူမိကြောင်း လိမ်ညာခြင်းမရှိပဲ ဝန်ခံခဲ့ပါသည်။ထို့ကြောင့် သူမသည် ပြစ်မှုထင်ရှားသဖြင့် တရားသူကြီးမှ ထောင်ဒဏ်တစ်နှစ် သို့မဟုတ် တစ်နေ့မလေးရှားရင်းဂစ်၁၂၀၀ဖြင့် တစ်နှစ်တိတိပေးဆောင်ရန် အမိန့်ချခံခဲ့ရပါသည်။
Shoon (Cele Daily)