လမ္းေလ်ာက္ရန္ပင္ အားအလြန္နည္းေနၿပီး ႏွစ္ခါတိတိေလျဖတ္ရာမွ ျပန္ေကာင္းလာေသာ အသက္၁၄ႏွစ္အ႐ြယ္ ေခြးႀကီး

အဂၤလန္ႏိုင္ငံသည္ ကမာၻေပၚတြင္ ေခြးမ်ားကို အိမ္ေမြးတိရိစာၦန္အျဖစ္ ေမြးျမဴၾကေသာ ႏိုင္ငံမ်ားအနက္ အမ်ားဆုံးေသာ ႏိုင္ငံတစ္ႏိုင္ငံပင္ျဖစ္ေပသည္။

ေခြးမ်ားသည္ တိရိစာၦန္မ်ားျဖစ္ၾကေသာ္လည္း ညဏ္ရည္အလြန္ျမင့္ကာ သူတို႔ကို ေကြၽးေမြးေစာင့္ေရွာက္ထားေသာ သခင္မ်ားအေပၚတြင္ အလြန္ပင္ သစၥာရွိၾကသူမ်ားျဖစ္ေပသည္။အဂၤလန္ႏိုင္ငံမွ မိသားစုတစ္ခုသည္ သူတို႔၏အိမ္တြင္ ေမြးျမဴထားေသာ ေခြးကေလးရဲ႕ သနားစရာအျဖစ္ကို ဝမ္းနည္းဖြယ္ျဖင့္ ေျပာျပထားပါသည္။ထိုမိသားစုအိမ္ရွိ ေခြးကေလးသည္ အသက္၁၄ႏွစ္အ႐ြယ္ရွိၿပီျဖစ္ကာ အလြန္အိုမင္းေနၿပီး လမ္းေလ်ာက္ရန္ အတြက္ပင္ အားအင္မ်ားမွာ ကုန္ခမ္းေနၿပီျဖစ္ေပသည္။

ထိုေခြးကေလးသည္ ႏွစ္ခါတိတိေလျဖတ္ရာမွ ျပန္လည္ေကာင္းမြန္ကာ လက္ဆတ္ရွင္သန္ႏိုင္လာျခင္း ျဖစ္ေပသည္။ေခြးကေလးသည္ အိမ္အေပၚထပ္တြင္ရွိေသာ သူ၏အိပ္ရာသို႔ သြားေရာက္ မအိပ္စက္ႏိုင္သည့္ အတြက္ သခင္၏အိပ္ရာေဘးေလးတြင္ အၿမဲလာအိပ္တတ္ေပသည္။ သခင္သည္လည္း ေခြးကေလးကို သားသမီးသဖြယ္ ပိုမိုကာ ျပဳစုေစာင့္ေရွာက္ေနေၾကာင္း လူမႈမီဒီယာမွတစ္ဆင့္ ဓာတ္ပုံမ်ား မွ်ေဝကာ ေဖာ္ျပခဲ့ပါသည္။

Shoon (Cele Daily)

Unicode

လမ်းလျောက်ရန်ပင် အားအလွန်နည်းနေပြီး နှစ်ခါတိတိလေဖြတ်ရာမှ ပြန်ကောင်းလာသော အသက်၁၄နှစ်အရွယ် ခွေးကြီး

အင်္ဂလန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ခွေးများကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူကြသော နိုင်ငံများအနက် အများဆုံးသော နိုင်ငံတစ်နိုင်ငံပင်ဖြစ်ပေသည်။

ခွေးများသည် တိရိစ္ဆာန်များဖြစ်ကြသော်လည်း ညဏ်ရည်အလွန်မြင့်ကာ သူတို့ကို ကျွေးမွေးစောင့်ရှောက်ထားသော သခင်များအပေါ်တွင် အလွန်ပင် သစ္စာရှိကြသူများဖြစ်ပေသည်။အင်္ဂလန်နိုင်ငံမှ မိသားစုတစ်ခုသည် သူတို့၏အိမ်တွင် မွေးမြူထားသော ခွေးကလေးရဲ့ သနားစရာအဖြစ်ကို ဝမ်းနည်းဖွယ်ဖြင့် ပြောပြထားပါသည်။ထိုမိသားစုအိမ်ရှိ ခွေးကလေးသည် အသက်၁၄နှစ်အရွယ်ရှိပြီဖြစ်ကာ အလွန်အိုမင်းနေပြီး လမ်းလျောက်ရန် အတွက်ပင် အားအင်များမှာ ကုန်ခမ်းနေပြီဖြစ်ပေသည်။

ထိုခွေးကလေးသည် နှစ်ခါတိတိလေဖြတ်ရာမှ ပြန်လည်ကောင်းမွန်ကာ လက်ဆတ်ရှင်သန်နိုင်လာခြင်း ဖြစ်ပေသည်။ခွေးကလေးသည် အိမ်အပေါ်ထပ်တွင်ရှိသော သူ၏အိပ်ရာသို့ သွားရောက် မအိပ်စက်နိုင်သည့် အတွက် သခင်၏အိပ်ရာဘေးလေးတွင် အမြဲလာအိပ်တတ်ပေသည်။ သခင်သည်လည်း ခွေးကလေးကို သားသမီးသဖွယ် ပိုမိုကာ ပြုစုစောင့်ရှောက်နေကြောင်း လူမှုမီဒီယာမှတစ်ဆင့် ဓာတ်ပုံများ မျှဝေကာ ဖော်ပြခဲ့ပါသည်။

Shoon (Cele Daily)

  • Leave a Comment