





Shoon (Cele Daily)

Unicode

သခင်ဖြစ်သူနှင့်အတူတူအိပ်ခွင့်ရကာ လောကစည်းစိမ်ကို အပြည့်အဝခံစားခဲ့ရတဲ့ ကမ္ဘာကံအကောင်းဆုံးသော ဝက်ကလေး

တိရိစ္ဆာန်များကို လူသားများသဖွယ် ပြုစုပျိုးထောင်ကာ မွေးမြူကြသည်မှာ ဥရောပတိုက်တွင် ထူးဆန်းမှုမရှိပေမယ့် အာရှတိုက်တွင်တော့ အလွန်ပင် ထူးဆန်းမှုရှိလှပေသည်။

ယခုဝက်ကလေးမှာတော့ ဥရောပတိုက်သားများ၏ တိရိစ္ဆာန်များအပေါ်တွင် ကျွေးမွေးပြုစုစောင့်ရှောက်မှုထက်ပင် ပိုမိုကာ အခွင့်အရေးအရှိခဲ့ပါတယ်။

Derek Walterဆိုသည့် အမျိုးသားသည် တစ်ယောက်တည်း အထီးကျန်ဆန်နေသည့်အတွက် သူ၏ဘဝတွင် ပျော်ရွင်ကြည်နူးမှုများရစေရန်အတွက် ကောင်မလေးတစ်ယောက်လိုအပ်သည်ဟု တွေးတောမိခဲ့ပါသည်။ထို့နောက် Walterသည် သူ၏သူငယ်ချင်ဖြစ်သူ စနောက်ကာ အကြံပေးခဲ့သည့် ဝက်မလေးမွေးရန် အစီအစဥ်ကို တကယ်အကောင်အထည်ဖော်ကာ ဆောင်ရွက်ခဲ့ပါသည်။

Walterသည် နို့ဖြတ်စအရွယ် ဝက်ပေါက်ကလေးကို စတင်ဝယ်ယူကာ အိမ်ထဲ၌သူ၏ကောင်မလေးသဖွယ်ပြုစုပျိုးထောင်လာခဲ့ပြီး အခုအချိန်တွင် ပေါင်၆၇၀ခန့်ရှိနေသော ဝက်မကြီးတစ်ကောင်ပင် ဖြစ်လာခဲ့ပါသည်။

ထိုဝက်မကလေးသည် အချို့လူသားများထက်ပင် ဇိမ်ကျနေပြီး သခင်ဖြစ်သူကလည်း ပုံမှန်ကျန်းမာရေးစစ်ဆေးပေးက လိုအပ်သည်ပင် ဂရုစိုက်ပေးနေခဲ့ပါသည်။

Shoon (Cele Daily)

  • Leave a Comment