မွေးနေ့တွေရောက်တဲ့ချိန် လူတိုင်းက သူတို့ချစ်တဲ့သူတွေဆီကနေ သတိတရနဲ့ လက်ဆောင် ပစ္စည်းလေးတွေပို့ပေးတတ်ကြသလို ရရှိသူမှာလည်း ဝမ်းသာပီတိဖြစ်ရသည်။သို့ဖြစ်၍ အင်ဒိုနီးရှားနိုင်ငံက မိန်းကလေးတစ်ဦးသည် သူမရဲ့မွေးနေ့တွင် ဖခင်ဖြစ်သူဆီကနေ မွေးနေ့လက်ဆောင်ရရှိခဲ့ပေမယ့် မပျော်ရပဲ ငိုနေခဲ့သည်။
မိန်းကလေးသည် ဖခင်ဖြစ်သူဆီကနေ ပေါင်မုန့်တစ်ထုပ်သာလက်ဆောင်အဖြစ်ရခဲ့၍ ဝမ်းနည်းခဲ့ရာ ဖခင်ရေးသားထားသောစာလေးကိုဖတ်မိလိုက်ချိန်တွင် သူမရဲ့အတွေးကမှားယွင်းခဲ့၍ အရမ်းခံစားသွားခဲ့ရသည်။စာထဲတွင် ဖခင်ဖြစ်သူမှ ငွေကြေးအဆင်မပြေတာကြောင့် ပေါင်မုန့်လေးတစ်ထုပ်သာလက်ဆောင်ပေးနိုင်ပေမယ့် နောက်နှစ်မွေးနေ့တွေမှာ သူမလိုချင်တဲ့လက်ဆောင် ပစ္စည်းကိုဝယ်ပေးနိုင်အောင်ကြိုးစားသွားမည်ဟုရေးသားခဲ့သည်။
ထိုစာလေးကိုဖတ်ပြီး မိန်းကလေးမှာ ဖခင်ရဲ့လက်ဆောင် ပစ္စည်းကတန်ဖိုးမကြီးပေမယ့် သူမအတွက် စဥ်းစားပေးပြီး မွေးနေ့ကိုလည်းအမှတ်ရပေးလို့ အဖိုးဖြတ်မရသည့်လက်ဆောင်လေးဖြစ်နေကြောင်း ဆိုခဲ့သည်။
Nge (Cele Daily)
Zawgyi
မွေးနေ့မှာ ဖခင်ဖြစ်သူဆီကနေ လက်ဆောင်အဖြစ် ပေါင်မုန့်တစ်ထုပ်သာရရှိခဲ့၍ ဝမ်းနည်းခဲ့ရသော်လည်း ဖခင်ရေးသားထားသောစာလေးကိုဖတ်မိလိုက်ချိန်တွင် ရင်ထဲထိမိစေခဲ့သည့်မိန်းကလေး
Nge (Cele Daily)