လစဥ်အိမ်ငှားခတွေပုံမှန်ပေးနေရ၍ အလုပ်ပင်မနားရဲပဲ ကြိုးစားခဲ့ရပြီး ၅လအကြာမှာတော့ အိမ်ပိုင်ရှင်ကိုသိရသောအခါ အံ့အားသင့်သွားခဲ့ရသည့်ခင်ပွန်း

အိမ်ထောင်ပြုသည့်အခါ မိဘတွေနဲ့မနေပဲ သက်သက်နေချင်ကြ၍ သူများအိမ်၊တိုက်ခန်းမှာ ငှားနေကြတာများသည်။ယခုတွင်လည်း အင်ဒိုနီးရှားနိုင်ငံက ဇနီးမောင်နှံနှစ်ဦးသည် လက်ထပ်ပြီးခါစ အိမ်တစ်ခုမှာငှားနေခဲ့ကြပြီး ခင်ပွန်းဖြစ်သူကလည်း လစဥ်အိမ်ငှားခကပေးနေရ၍ အလုပ်ပင်မနားရဲပဲ ကြိုးစားခဲ့ရသည်။

ခင်ပွန်းဖြစ်သူသည် ၅လကြာသည်ထိ အိမ်ငှားခကို ပုံမှန်ပေးလာခဲ့ပြီး နောက်ဆုံးမှာ အိမ်ရှင်နဲ့စာချုပ်ထပ်ချုပ်ဖို့ဖြစ်လာသည့်အခါ အိမ်ပိုင်ရှင်က အခြားသူမဟုတ်ပဲ ဇနီးသည်သာဖြစ်နေခဲ့သည်။

ဇနီးဖြစ်သူသည် အိမ်ထောင်ကျစ နှစ်လလောက်ကတည်း ငွေချွေတာစုဆောင်းပြီး ငှားထားတဲ့အိမ်ကိုအပိုင်ဝယ်ယူနိုင်ခဲ့တာကို ခင်ပွန်းအားပြောမပြခဲ့ပဲ ၅လကြာသည်ထိ အိမ်ငှားခကိုခင်ပွန်းဆီကနေ ယူခဲ့ခြင်းဖြစ်၍ ခင်ပွန်းမှ အံ့အားသင့်ခဲ့ရသည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment