မိဘတွေသည် အနီးနားမှာရှိနေပါစေ အဝေးရောက်နေပါစေ သူတို့ရဲ့သားသမီးကို စိတ်ပူပြီး သတိရလွမ်းမိတတ်ကြသလို အဆက်အသွယ်ရဖို့အမြဲကြိုးစားကြသည်။သို့ဖြစ်၍ အင်ဒိုနီးရှားနိုင်ငံက သက်ကြီးရွယ်အို ဖခင်တစ်ဦးသည် သားလေးတစ်ယောက်ရှိသော်လည်း အလုပ်လုပ်မည်ဆိုပြီး နိုင်ငံခြားသို့ ခရီးထွက်သွားရာမှာ သုံးလလောက်ကြာသည်ထိ အဆက်အသွယ်မရခဲ့ပေ။
ဖခင်ဖြစ်သူသည် သားလေးဆီကနေ ဖုန်းမခေါ်လာလို့ သူ့ဖုန်းပျက်နေတယ်ထင်ပြီး ဖုန်းပြင်ဆိုင်မှာ တစ်ရက်ကိုသုံးခါထက်မနည်း သူ့ဖုန်းကိုပြင်ပေးရန် တောင်းဆိုခဲ့သည်။အမှန်တကယ်အားဖြင့် ဖခင်ဖြစ်သူရဲ့ဖုန်းမှာ အကောင်းတိုင်းရှိနေဆဲဖြစ်ပြီး ဆိုင်ရှင်က သားလေးဆီဖုန်းဆက်ကြည့်ရာ ဖုန်းကဝင်နေပြီးမကိုင်တာဖြစ်တာကြောင့် သားဖြစ်သူကိုယ်တိုင်က ဖခင်ကိုအဆက်အသွယ်မလုပ်ချင်ခဲ့တာဖြစ်နေခဲ့သည်။
သို့ပေမယ့်လည်း အဖိုးအိုက သူ့သားကိုလွမ်းမိ၍ အဆက်အသွယ်ရဖို့ကိုကြိုးစားနေဆဲဖြစ်သည်။
Nge (Cele Daily)
Zawgyi
သုံးလလောက်ကြာသည်အထိ သားဆီက ဖုန်းတစ်ခါမှမခေါ်လာတာကြောင့် သူ့ဖုန်းပျက်နေတယ်အထင်နဲ့ ဖုန်းပြင်ဆိုင်သို့ တစ်ရက်ကိုသုံးခါလောက်သွားပြနေသည့် သနားစရာ ဖခင်တစ်ဦး
Nge (Cele Daily)