မိဘတို့သည် ကလေးတွေဖြစ်ချင်တဲ့စိတ်ကူးများရှိပါက ဖြစ်လာအောင် မြေတောင်မြှောက်ပေးကြသည်။ယခုတွင်လည်း တရုတ်နိုင်ငံက ဖခင်တစ်ဦးသည် သမီးလေးရဲ့အနာဂတ်စိတ်ကူးလေးကိုမေးကြည့်သောအခါ ဆရာဝန်ဖြစ်ချင်ကြောင်းဆိုခဲ့တာကို မှတ်သားပေးထားခဲ့သည်။
ဖခင်သည် အလုပ်နားရက်ရောက်သောအခါ သမီးလေးကို ခွဲစိတ်ဆရာဝန်တစ်ဦးအဖြစ် ဝတ်စုံလေးကိုဝယ်ယူပေးခဲ့ပြီး သူကိုယ်တိုင်က ကလေးမွေးဖွားမည့် လူနာအတိုင်းသရုပ်ဆောင်ခဲ့သည်။ဖခင်ဖြစ်သူသည် တကယ့်အပြင်ဆေးရုံအတိုင်း လိုအပ်သည့် အောက်စီဂျင်၊ခွဲစိတ်ကိရိယာတွေပါထားရှိပြီး သမီးလေးအား ကလေးမီးဖွားမည့်ဆရာဝန်နေရာမှာနေခိုင်းခဲ့သည်။
သမီးလေးသည် ဖခင်ရဲ့အင်္ကျီအောက်ကနေ ကြောင်လေးတစ်ကောင်ကိုယူထုတ်လိုက်ပြီး ကလေးငယ်အတိုင်း အသက်ရှိမရှိစမ်းသပ်ဖို့ ကြောင်လေးအားလက်ကလေးနဲ့သာသာပုတ်ကာ ပေါင်ချိန်ပြည့်မပြည့်ကိုလည်း တိုင်းတာကြည့်နေသော သားအဖနှစ်ဦးတို့ရဲ့ပုံရိပ်လေးသည် ကြည်နူးဖွယ်ကောင်းလှသည်။
Nge (Cele Daily)
Zawgyi
အနာဂတ်မှာ ဆရာဝန်ဖြစ်ချင်သောသမီးလေးရဲ့အိပ်မက်အတိုင်း ဖခင်ဖြစ်သူသည် တကယ့်အပြင်ဆေးရုံအတိုင်း လိုအပ်သည့် အောက်စီဂျင်၊ခွဲစိတ်ကိရိယာတွေပါထားရှိပြီး အပြင်မှာကစားရင်းလေ့ကျင့်ပေးနေသည့် ဖခင်တစ်ဦး
Nge (Cele Daily)