မိသားစုဝင်တွေကို ဒုက္ခမပေးလို၍ ဦးနှောက်အကျိတ်ခွဲစိတ်မှုကုသချိန် တစ်ယောက်တည်း ဆေးရုံတက်ခဲ့သည့် အသက်၂၃နှစ်အရွယ် မိန်းကလေး

နေမကောင်းတဲ့ချိန်ဖြစ်ဖြစ် အဆင်မပြေချိန်ဖြစ်ဖြစ် ကိုယ့်ရဲ့အနားမှာ ချစ်ရတဲ့မိသားစု၊ချစ်သူ၊သူငယ်ချင်းများရဲ့အားပေးမှုကိုလိုချင်ကြတာအမှန်ဆိုပေမယ့် တစ်ခါတစ်လေ ဘယ်သူ့ကိုမှ ဒုက္ခမပေးလိုပဲ အခက်အခဲတွေကို တစ်ယောက်တည်းကျော်ဖြတ်တာမျိုးလည်းရှိသည်။ယခုတွင်လည်း တရုတ်နိုင်ငံက အသက်၂၃နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မိသားစုမပါပဲ တစ်ယောက်တည်းဆေးရုံသို့ ဦးနှောက်အကျိတ်ခွဲစိတ်ကုသမှုခံယူဖို့ သွားရောက်ခဲ့သောအဖြစ်သည် ကြေကွဲဝမ်းနည်းစရာဖြစ်နေသည်။

မိန်းကလေးသည် သူမရဲ့ရောဂါကိုကုသဖို့ မိသားစုဝင်တွေကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေလို၍ ဆေးရုံမှာတစ်ယောက်တည်းပဲ လက်မှတ်ထိုးပြီး ခွဲစိတ်ကုသမှုခံယူခဲ့သည်။မိန်းကလေးသည် ကုသမှုအတွက် သူမမြတ်နိုးတန်ဖိုးထားလာရသောဆံပင်ရှည်လေးကိုဆုံးရှုံးလိုက်ရတာကြောင့် ဝမ်းနည်းရသလို အားပေးမိသားစုဝင်တွေလည်းမရှိ၍ ဝမ်းနည်းနေခဲ့ပြန်သည်။

နောက်ဆုံးမှာတော့ မိန်းကလေးသည် ခွဲစိတ်ကုသမှုခံယူပြီး ၁၀ရက်အကြာမှာတော့ ဆေးရုံဆင်းခွင့်ရကာ သူမအားအားပေးပြီး ဂရုတစိုက်ရှိခဲ့သော ဆရာဝန်နဲ့သူနာပြုဆရာမများကို ကျေးဇူးတင်ကြောင်း စာလေးတစ်စောင်ရေးထားခဲ့သည်။

Nge (Cele Daily)

Zawgyi

မိသားစုဝင္ေတြကို ဒုကၡမေပးလို၍ ဦးေႏွာက္အက်ိတ္ခြဲစိတ္မႈကုသခ်ိန္ တစ္ေယာက္တည္း ေဆး႐ုံတက္ခဲ့သည့္ အသက္၂၃ႏွစ္အ႐ြယ္ မိန္းကေလး

ေနမေကာင္းတဲ့ခ်ိန္ျဖစ္ျဖစ္ အဆင္မေျပခ်ိန္ျဖစ္ျဖစ္ ကိုယ့္ရဲ႕အနားမွာ ခ်စ္ရတဲ့မိသားစု၊ခ်စ္သူ၊သူငယ္ခ်င္းမ်ားရဲ႕အားေပးမႈကိုလိုခ်င္ၾကတာအမွန္ဆိုေပမယ့္ တစ္ခါတစ္ေလ ဘယ္သူ႔ကိုမွ ဒုကၡမေပးလိုပဲ အခက္အခဲေတြကို တစ္ေယာက္တည္းေက်ာ္ျဖတ္တာမ်ိဳးလည္းရွိသည္။ယခုတြင္လည္း တ႐ုတ္ႏိုင္ငံက အသက္၂၃ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးသည္ မိသားစုမပါပဲ တစ္ေယာက္တည္းေဆး႐ုံသို႔ ဦးေႏွာက္အက်ိတ္ခြဲစိတ္ကုသမႈခံယူဖို႔ သြားေရာက္ခဲ့ေသာအျဖစ္သည္ ေၾကကြဲဝမ္းနည္းစရာျဖစ္ေနသည္။

မိန္းကေလးသည္ သူမရဲ႕ေရာဂါကိုကုသဖို႔ မိသားစုဝင္ေတြကို ဝန္ထုပ္ဝန္ပိုးမျဖစ္ေစလို၍ ေဆး႐ုံမွာတစ္ေယာက္တည္းပဲ လက္မွတ္ထိုးၿပီး ခြဲစိတ္ကုသမႈခံယူခဲ့သည္။မိန္းကေလးသည္ ကုသမႈအတြက္ သူမျမတ္ႏိုးတန္ဖိုးထားလာရေသာဆံပင္ရွည္ေလးကိုဆုံးရႈံးလိုက္ရတာေၾကာင့္ ဝမ္းနည္းရသလို အားေပးမိသားစုဝင္ေတြလည္းမရွိ၍ ဝမ္းနည္းေနခဲ့ျပန္သည္။

ေနာက္ဆုံးမွာေတာ့ မိန္းကေလးသည္ ခြဲစိတ္ကုသမႈခံယူၿပီး ၁၀ရက္အၾကာမွာေတာ့ ေဆး႐ုံဆင္းခြင့္ရကာ သူမအားအားေပးၿပီး ဂ႐ုတစိုက္ရွိခဲ့ေသာ ဆရာဝန္နဲ႔သူနာျပဳဆရာမမ်ားကို ေက်းဇူးတင္ေၾကာင္း စာေလးတစ္ေစာင္ေရးထားခဲ့သည္။

Nge (Cele Daily)

  • Leave a Comment