လကုန်ပြီးလို့ အကြွေးလာမဆပ်တဲ့သူရဲ့အိမ်သို့ သွားရောက်ခဲ့ချိန် အဆင်မပြေဖြစ်နေတာကိုတွေ့ပြီး မတောင်းရက်တော့ပဲ အကြွေးအားလုံးကို လျှော်ပေးခဲ့သည့် စိတ်နှလုံးလှသည့် မိန်းကလေး

များသောအားဖြင့် အကြွေးပေးကြသည့်အခါ ပြန်မဆပ်နိုင်ကြတာကများပြီး ပြန်တောင်းချိန်တွင် အမုန်းပွားကာ ရန်ဖြစ်စကားများတတ်ကြသည်။သို့ဖြစ်၍ ထိုင်းနိုင်ငံမှ မိန်းကလေးတစ်ဦးသည် အကြွေးပေးချေးသူတစ်ယောက်ဖြစ်ပေမယ့် အခြားသူတွေလို မဟုတ်ပဲ အဆင်မပြေတဲ့သူအပေါ် ကောင်းမွန်စွာ ဆက်ဆံပေးတတ်ခြင်းကြောင့် အများရဲ့ချီးကျူးခြင်းကို ခံနေရသည်။

မိန်းကလေးသည် သူမဆီကနေ ဘတ်၃သောင်းချေးသွားသည့် မိတ်ဆွေတစ်ဦးမှာ လကုန်ပြီးသော်လည်း အကြွေးပြန်လာမဆပ်သေး၍ အခြေအနေသိရအောင် အိမ်သို့လိုက်သွားခဲ့သည်။မိန်းကလေးသည် ငွေချေးသွားသောသူရဲ့အိမ်သို့ရောက်သည့်အခါ သူမရဲ့မိသားစုက ငွေကြေးအခက်အခဲဖြစ်ပြီး အဆင်မပြေတာကိုသိနေရသည့်အခါ အကြွေးပြန်မတောင်းရက်တော့ပေ။

နောက်ဆုံး စိတ်နှလုံးလှသည့် မိန်းကလေးမှာ အကြွေးယူသူအား နှစ်သိမ့်ပေးပြီး သူမနားချေးထားသော ဘတ်၃သောင်းကိုလည်းပြန်ပေးဖို့မလိုတော့ကြောင်းနဲ့ နောက်ထပ်လည်းအခြားသူများဆီ အကြွေးမတင်စေဖို့သတိပေးခဲ့သည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment