မွေးရာပါမသန်စွမ်းဖြစ်နေသည့် အသက်၁၂နှစ်အရွယ် အစ်ကိုဖြစ်သူကို ကျောင်းသို့နေ့တိုင်းကျောပိုးသွားသလို အစစအရာရာ ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့ အသက်၉နှစ်အရွယ် ညီမလေး

မိသားစုထဲမှ မောင်နှမတွေရဲ့သံယောဇဥ်သည်လည်း ကြီးမားကာ အကြီးတွေက အငယ်ကောင်းစားရေးအတွက် စွန့်လွှတ်အနစ်နာခံတန်ကြသလို အငယ်ဖြစ်သူတွေကလည်း တစ်ခါတစ်လေ အကြီးအပေါ်စာနာပေးကြပြန်သည်။

ယခုတွင်လည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အသက်၉နှစ်အရွယ် ကလေးမလေးတစ်ဦးသည် မွေးရာပါမသန်စွမ်းဖြစ်နေသည့် အသက်၁၂နှစ်အရွယ် အစ်ကိုဖြစ်သူကို အရမ်းဂရုစိုက်ကြင်နာပေးခဲ့သည်။အစ်ကိုဖြစ်သူမှ လမ်းလျှောက်မရပဲဖြစ်နေချိန် ကျောင်းသို့ကျောပိုးပြီးခေါ်သွားပေးကာ အစစအရာရာဂရုစိုက်ပေးပြီး စာကျက်ဖို့ရာအတွက်လည်း ကူညီပေးခဲ့သည်။

အစပိုင်းတွင် မိဘနှစ်ပါးက သားလေးမှမသန်စွမ်းဖြစ်နေတာကြောင့် ကျောင်းပို့ရန်အခက်အခဲရှိနေရသော်လည်း အလိုက်သိသော သမီးလေးကြောင့် အစ်ကိုဖြစ်သူမှာ အဆင်ပြေပြေကျောင်းတက်ခွင့်ရခဲ့ရ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရသည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment