ဂိမ်းဆိုသောအရာသည် လူငယ်များကြား ခေတ်စားပြီး တစ်ခါဆော့မိပါက စွဲလန်းစိတ်ဖြစ်မိကာ လူငယ်အတော်များများလည်း ဂိမ်းကြောင့်ပျက်စီးသွားတာမျိုးတွေရှိလာသည်။ယခုတွင်လည်း တရုတ်နိုင်ငံ Guangdong ခရိုင်မှ ဖခင်တစ်ဦးသည် အသက်၁၁နှစ်အရွယ် သားလေးတစ်ယောက်ရှိရာ ကျောင်းကပြန်လာတာနဲ့ စာမကျက်ပဲ ဖုန်းအရင်ကိုင်ပြီးတော့ ဂိမ်းထိုင်ဆော့လေ့ရှိသည်။
တစ်နေ့တော့ ဖခင်ဖြစ်သူမှာ သားလေးအား ဂိမ်းကြောင့်မပျက်စီးလို၍ တားဆီးဖို့အတွက် သားဖြစ်သူအား ကျောင်းပေးမသွားပဲ အတန်းပိုင်ဆရာမဆီခွင့်တိုင်၍ တစ်နေ့လုံးဂိမ်းစိတ်ကြိုက်ကစားခွင့်ပေးခဲ့သည်။
သားဖြစ်သူသည် တစ်နေ့လုံးမနားတမ်းဆော့နေရင်း ညောင်းညာလာကာ အိပ်ပျော်သွားသော်လည်း ဖခင်ကပေးမအိပ်ပဲ နှိုးပြီးတော့ ဂိမ်းကိုပဲကစားခိုင်းခဲ့သည်။နောက်ဆုံးမှာတော့ ကောင်လေးသည် ဖခင်ဖြစ်သူကိုအရှုံးပေးကာ ဂိမ်းထပ်မကစားတော့ဖို့နဲ့ စာကြိုးစားမည်ဟုသာ ဂတိပေးခဲ့သည်။
Nge (Cele Daily)
Zawgyi
စာမကျက်ပဲ ဖုန်းအရင်ကိုင်ပြီးတော့ ဂိမ်းထိုင်ဆော့လေ့ရှိသည့် သားဖြစ်သူကို ပညာပေးသည့်အနေနဲ့ ဂိမ်းကိုငြီးငွေ့သွားသည်ထိ တစ်နေ့လုံးပေးမနားပဲ ထိုင်ဆော့ခိုင်းခဲ့သည့် ဖခင်
Nge (Cele Daily)