ငယ်စဉ်လေးက စာတတ်မြောက်အောင် ဆုံးမသွန်သင်သင်ကြားပြပေးခဲ့သော ဆရာ၊ဆရာမများကို အခက်အခဲဖြစ်နေချိန် ပြန်ပြီးတော့ကူညီစောင့်ရှောက်ခြင်းက မွန်မြတ်သောအလုပ်ပင်ဖြစ်သည်။ယခုတွင်လည်း မလေးရှားနိုင်ငံက အသက်၂၅နှစ်အရွယ် လူငယ်လေးတစ်ဦးသည် မူလတန်းကျောင်းသားအရွယ်က စာသင်ကြားပေးဖူးသော ဆရာမဟောင်းဖြစ်သူမှ အသည်းအစားထိုးကုသမှုအတွက် အလှူရှင်လိုအပ်နေသည့်သတင်းကိုကြားသိပြီး ကူညီဖို့ဆုံးဖြတ်ခဲ့သည်။
လူငယ်လေးသည် ကျောင်းတက်နေစဉ် ထိုဆရာမဖြစ်သူဆီကနေ စာမရ၍အရိုက်ခံရဖူးတာကြောင့် စိတ်ဆိုးမိတာမျိုးတွေရှိခဲ့ပေမယ့် ဆရာမက ဒုက္ခရောက်နေတာကို သိရှိပြီး သူ့ရဲ့အသည်းကိုပေးလှူခဲ့သည်။
လူငယ်လေးသည် အနာဂတ်မှာဆရာဝန်ဖြစ်ဖို့ကြိုးစားနေသူတစ်ယောက်ဖြစ်နေ၍ ဆရာမအား သူ့ရဲ့အသည်း ၆၇%လောက်ပေးလှူလိုက်ပါကလည်း အဆင်ပြေမည်ဆိုတာသိကာ အစားထိုးကုသမှုနဲ့အတူ နေပြန်ကောင်းသည်ထိ ပြုစုစောင့်ရှောက်ပေးခဲ့သည်။
Nge (Cele Daily)
Zawgyi
မူလတန္းတုန္းက စာသင္ေပးခဲ့သည့္ဆရာမျဖစ္သူမွ အသည္းအစားထိုးကုသမႈအတြက္ အလႉရွင္လိုအပ္ေနသည့္သတင္းကိုၾကားသိၿပီး သူ႔ရဲ႕အသည္း ၆၇%ေလာက္ေပးလႉလိုက္တဲ့ လူငယ္ေလး
ငယ္စဥ္ေလးက စာတတ္ေျမာက္ေအာင္ ဆုံးမသြန္သင္သင္ၾကားျပေပးခဲ့ေသာ ဆရာ၊ဆရာမမ်ားကို အခက္အခဲျဖစ္ေနခ်ိန္ ျပန္ၿပီးေတာ့ကူညီေစာင့္ေရွာက္ျခင္းက မြန္ျမတ္ေသာအလုပ္ပင္ျဖစ္သည္။ယခုတြင္လည္း မေလးရွားႏိုင္ငံက အသက္၂၅ႏွစ္အ႐ြယ္ လူငယ္ေလးတစ္ဦးသည္ မူလတန္းေက်ာင္းသားအ႐ြယ္က စာသင္ၾကားေပးဖူးေသာ ဆရာမေဟာင္းျဖစ္သူမွ အသည္းအစားထိုးကုသမႈအတြက္ အလႉရွင္လိုအပ္ေနသည့္သတင္းကိုၾကားသိၿပီး ကူညီဖို႔ဆုံးျဖတ္ခဲ့သည္။
လူငယ္ေလးသည္ ေက်ာင္းတက္ေနစဥ္ ထိုဆရာမျဖစ္သူဆီကေန စာမရ၍အ႐ိုက္ခံရဖူးတာေၾကာင့္ စိတ္ဆိုးမိတာမ်ိဳးေတြရွိခဲ့ေပမယ့္ ဆရာမက ဒုကၡေရာက္ေနတာကို သိရွိၿပီး သူ႔ရဲ႕အသည္းကိုေပးလႉခဲ့သည္။
လူငယ္ေလးသည္ အနာဂတ္မွာဆရာဝန္ျဖစ္ဖို႔ႀကိဳးစားေနသူတစ္ေယာက္ျဖစ္ေန၍ ဆရာမအား သူ႔ရဲ႕အသည္း ၆၇%ေလာက္ေပးလႉလိုက္ပါကလည္း အဆင္ေျပမည္ဆိုတာသိကာ အစားထိုးကုသမႈနဲ႔အတူ ေနျပန္ေကာင္းသည္ထိ ျပဳစုေစာင့္ေရွာက္ေပးခဲ့သည္။
Nge (Cele Daily)