လူတိုင်းက ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကို ကြိုမမြင်နိုင်ပဲ အရေးတကြီး ဖြစ်လာသည့်အခါ ဆေးကုသရန် ငွေကအရေးပါလွန်းပြီး ဆရာဝန်ကောင်းနဲ့တွေ့ဖို့လည်းလိုအပ်သည်။
သို့ဖြစ်၍ ဘိုလီးဗီးယားနိုင်ငံ ကျေးလက်ဒေသမှ အဖိုးအိုတစ်ဦးသည် သူ့မှာဆီးကျိတ်ရောဂါရှိနေစဥ် ခွဲစိတ်ကုသမှုခံယူဖို့ကလည်း ငွေကြေးမတတ်နိုင်ပဲဖြစ်နေချိန် ဆရာဝန်တစ်ဦးမှ အခမဲ့ခွဲစိတ်ကုသပေးဖို့ ကူညီခဲ့သည်။
အဖိုးအိုသည် ဆရာဝန်ဖြစ်သူရဲ့ကျေးဇူးကြောင့် ခွဲစိတ်မှုခံရပြီး နေပြန်ကောင်းလာချိန် သူ့အိမ်မှာမွေးထားတဲ့ ကြက်လေးနှစ်ကောင်ကို ဆရာဝန်အား လက်ဆောင်ပြန်ပေးခဲ့သည်။ဆရာဝန်ဖြစ်သူကလည်း လူနာတစ်ဦးဆီကနေ မမျှော်လင့်ထားတဲ့လက်ဆောင်ကြောင့် အံ့အားသင့်မိကာ ဝမ်းသာပီတိများစွာနဲ့ လက်ခံပေးခဲ့သည်။
Nge (Cele Daily)
Zawgyi
သူ့ရဲ့ဆီးကျိတ်ရောဂါကို အခမဲ့ခွဲစိတ်ကုသပေးခဲ့သည့် ဆရာဝန်အား ကျေးဇူးတင်လွန်း၍ အိမ်မှာမွေးထားသော ကြက်လေးနှစ်ကောင်ကို လက်ဆောင်ပြန်ပေးခဲ့တဲ့ အဖိုးအို
Nge (Cele Daily)