ထူးဆန်းတဲ့ရောဂါတစ်ခုကြောင့် ထမင်းမစားရပဲ အုန်းသီးတစ်မျိုးတည်းသာ ၂၈နှစ်အကြာ စားသုံးခဲ့ရပေမယ့် ကျန်းမာသန်စွမ်းနေဆဲဖြစ်သော အသက်၆၃နှစ်အရွယ် အမျိုးသားကြီး

လူသားတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် နေ့စဥ်နဲ့အမျှ ထူးဆန်းတဲ့အဖြစ်အပျက်များဖြစ်လေ့ရှိရာ တစ်ခါတစ်လေ အဖြေရှာမရသည်ထိ အံ့အားသင့်စရာကောင်းသည်။ယခုတွင်လည်း အိန္ဒိယနိုင်ငံ Kerala ပြည်နယ်မှ အသက်၆၃နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် အစာစားပြီးတိုင်း အဆာအိမ်ကအစာမချေဖျတ်နိုင်၍ ပြွန်ကနေတဆင့် အပေါ်ကိုပြန်တက်လာကာ အော့အန်တာမျိုးဖြစ်ခဲ့သည်။

အမျိုးသားကြီးသည် သူခံစားနေရတာနဲ့ပက်သက်ပြီး အဆင်ပြေနိုင်မည့်အစားအသောက်မျိုးစုံကို စမ်းစားကြည့်ခဲ့ရာ အုန်းသီးတစ်မျိုးတည်းကသာလျှင် သူ့အတွက်အဆင်ပြေပြေဖြစ်ခဲ့သည်။

ထို့ကြောင့် အမျိုးသားကြီးသည် ထမင်းစားမည့်အစား အုန်းသီးတစ်မျိုးတည်းသာ နေ့စဥ်စားသုံးလာခဲ့သည်မှာ ၂၈နှစ်ပင်ကြာမြင့်ခဲ့သော်လည်း ကျန်းမာရေးက ပြဿနာတစ်စုံတစ်ရာမရှိသည့်အပြင် အားကစားလေ့ကျင့်ခန်းများပင် လုပ်ဆောင်နိုင်ခဲ့သည်။

Nge (Cele Daily)

Zawgyi

ထူးဆန္းတဲ့ေရာဂါတစ္ခုေၾကာင့္ ထမင္းမစားရပဲ အုန္းသီးတစ္မ်ိဳးတည္းသာ ၂၈ႏွစ္အၾကာ စားသုံးခဲ့ရေပမယ့္ က်န္းမာသန္စြမ္းေနဆဲျဖစ္ေသာ အသက္၆၃ႏွစ္အ႐ြယ္ အမ်ိဳးသားႀကီး

လူသားတို႔ေနထိုင္ရာ ပတ္ဝန္းက်င္တြင္ ေန႔စဥ္နဲ႔အမွ် ထူးဆန္းတဲ့အျဖစ္အပ်က္မ်ားျဖစ္ေလ့ရွိရာ တစ္ခါတစ္ေလ အေျဖရွာမရသည္ထိ အံ့အားသင့္စရာေကာင္းသည္။ယခုတြင္လည္း အိႏၵိယႏိုင္ငံ Kerala ျပည္နယ္မွ အသက္၆၃ႏွစ္အ႐ြယ္ အမ်ိဳးသားႀကီးတစ္ဦးသည္ အစာစားၿပီးတိုင္း အဆာအိမ္ကအစာမေခ်ဖ်တ္ႏိုင္၍ ႁပြန္ကေနတဆင့္ အေပၚကိုျပန္တက္လာကာ ေအာ့အန္တာမ်ိဳးျဖစ္ခဲ့သည္။

အမ်ိဳးသားႀကီးသည္ သူခံစားေနရတာနဲ႔ပက္သက္ၿပီး အဆင္ေျပႏိုင္မည့္အစားအေသာက္မ်ိဳးစုံကို စမ္းစားၾကည့္ခဲ့ရာ အုန္းသီးတစ္မ်ိဳးတည္းကသာလွ်င္ သူ႔အတြက္အဆင္ေျပေျပျဖစ္ခဲ့သည္။

ထို႔ေၾကာင့္ အမ်ိဳးသားႀကီးသည္ ထမင္းစားမည့္အစား အုန္းသီးတစ္မ်ိဳးတည္းသာ ေန႔စဥ္စားသုံးလာခဲ့သည္မွာ ၂၈ႏွစ္ပင္ၾကာျမင့္ခဲ့ေသာ္လည္း က်န္းမာေရးက ျပႆနာတစ္စုံတစ္ရာမရွိသည့္အျပင္ အားကစားေလ့က်င့္ခန္းမ်ားပင္ လုပ္ေဆာင္ႏိုင္ခဲ့သည္။

Nge (Cele Daily)

  • Leave a Comment