နေမကောင်းသည့် အဖွားဖြစ်သူကို ပြုစုစောင့်ရှောက်ရင်း စားဝတ်နေရေးအတွက် ဆန်မဝယ်နိုင်လို့ ထမင်းအစား လယ်ထဲကခရုလေးတွေလိုက်ကောက်ပြီး ချက်ပြုတ်စားခဲ့ရတဲ့ ကောင်လေးရဲ့သနားစရာအဖြစ်

ချမ်းသာသောမိသားစုမှ မွေးဖွားလာသည့် ကလေးငယ်များအတွက် ပူပန်သောကကင်းပြီး လိုတိုင်းတနိုင်ပေမယ့် ဆင်းရဲနွမ်းပါးသောကလေးငယ်များမှာ ကိုယ့်ရဲ့ဝမ်းစာအတွက်ကို ခက်ခက်ခဲခဲ ရုန်းကန်ရှာဖွေခဲ့ကြရသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ ကျေးလက်ဒေသရှိ ကောင်လေးတစ်ဦးသည် နေမကောင်းသော အဖွားဖြစ်သူကို ပြုစုစောင့်ရှောက်ရင်း စားဝတ်နေရေးအတွက် လယ်ထဲကခရုတွေကို နေ့စဥ်ကောက်ခဲ့ရသည်။ကောင်လေးရဲ့ဖခင်ဖြစ်သူသည် အလုပ်လုပ်ရင်း မတော်တဆထိခိုက်မိရာကနေ ဆုံးပါးသွားခဲ့ပြီး မိခင်ကလည်း ပင်ပန်းဆင်းရဲသည့်ဒဏ်ကိုမခံနိုင်တော့၍ ကိုယ်လွတ်ရုန်းပြီး အိမ်ကထွက်သွားခဲ့သည်။

ထို့ကြောင့် ကောင်လေးက အဖိုးအဖွားနဲ့အတူနေခဲ့ရပြီး အဖိုးဖြစ်သူကလည်း အလုပ်လက်မဲ့ဖြစ်နေ၍ ဆန်မဝယ်နိုင်လို့ ထမင်းမစားရပဲ လယ်ထဲကခရုလေးတွေကိုသာ လိုက်ကောက်ပြီး ဗိုက်ပြည့်အောင် စားခဲ့ရသောအဖြစ်သည် လူအများအား စာနာသနားမိစေခဲ့သည်။

Nge (Cele Daily)

Zawgyi

ေနမေကာင္းသည့္ အဖြားျဖစ္သူကို ျပဳစုေစာင့္ေရွာက္ရင္း စားဝတ္ေနေရးအတြက္ ဆန္မဝယ္ႏိုင္လို႔ ထမင္းအစား လယ္ထဲကခ႐ုေလးေတြလိုက္ေကာက္ၿပီး ခ်က္ျပဳတ္စားခဲ့ရတဲ့ ေကာင္ေလးရဲ႕သနားစရာအျဖစ္

ခ်မ္းသာေသာမိသားစုမွ ေမြးဖြားလာသည့္ ကေလးငယ္မ်ားအတြက္ ပူပန္ေသာကကင္းၿပီး လိုတိုင္းတႏိုင္ေပမယ့္ ဆင္းရဲႏြမ္းပါးေသာကေလးငယ္မ်ားမွာ ကိုယ့္ရဲ႕ဝမ္းစာအတြက္ကို ခက္ခက္ခဲခဲ ႐ုန္းကန္ရွာေဖြခဲ့ၾကရသည္။

သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံ ေက်းလက္ေဒသရွိ ေကာင္ေလးတစ္ဦးသည္ ေနမေကာင္းေသာ အဖြားျဖစ္သူကို ျပဳစုေစာင့္ေရွာက္ရင္း စားဝတ္ေနေရးအတြက္ လယ္ထဲကခ႐ုေတြကို ေန႔စဥ္ေကာက္ခဲ့ရသည္။ေကာင္ေလးရဲ႕ဖခင္ျဖစ္သူသည္ အလုပ္လုပ္ရင္း မေတာ္တဆထိခိုက္မိရာကေန ဆုံးပါးသြားခဲ့ၿပီး မိခင္ကလည္း ပင္ပန္းဆင္းရဲသည့္ဒဏ္ကိုမခံႏိုင္ေတာ့၍ ကိုယ္လြတ္႐ုန္းၿပီး အိမ္ကထြက္သြားခဲ့သည္။

ထို႔ေၾကာင့္ ေကာင္ေလးက အဖိုးအဖြားနဲ႔အတူေနခဲ့ရၿပီး အဖိုးျဖစ္သူကလည္း အလုပ္လက္မဲ့ျဖစ္ေန၍ ဆန္မဝယ္ႏိုင္လို႔ ထမင္းမစားရပဲ လယ္ထဲကခ႐ုေလးေတြကိုသာ လိုက္ေကာက္ၿပီး ဗိုက္ျပည့္ေအာင္ စားခဲ့ရေသာအျဖစ္သည္ လူအမ်ားအား စာနာသနားမိေစခဲ့သည္။

Nge (Cele Daily)

  • Leave a Comment