ရွှေအကြောင်းနဲ့ပက်သက်ပြီး အများကစိတ်ဝင်စားကြရာ အချို့ကအလှသဘောနဲ့ သေးသွယ်ကျစ်လစ်တဲ့ လက်ဝတ်ရတနာများကို ဝတ်ဆင်ကြသော်လည်း အချို့ကတော့ ကြီးမားသောလက်ဝတ်အထည်များကိုသာ ကြိုက်ကြသည်။
ယခုတွင်လည်း တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Zhangzhou ခရိုင် Fujianပြည်နယ်မှ အသက်၉၀နှစ်အရွယ် အဖိုးအိုတစ်ဦးသည် ထူးခြားစွာဖြင့် ရွှေလက်ကောက်ကြီးနှစ်ကွင်းနဲ့ လက်စွပ်တစ်ကွင်းကိုဝတ်ဆင်ထားပြီး အပြင်ထွက်ခဲ့ရာမှ မြင်တွေ့သူတိုင်းက အံ့အားသင့်ကာ အဖိုးအိုအားချမ်းသာသူတစ်ယောက်အဖြစ် ထင်မိခဲ့ကြသည်။
အဖိုးအိုသည် စားသောက်ဆိုင်တစ်ခုအရောက်မှာတော့ သူ့ရဲ့ရွှေလက်ကောက်ကြီးကို စားပွဲတစ်ခုပေါ်ချွတ်ပြီးတင်လိုက်ချိန် အလေးချိန်က ၂ကီလိုဂရမ်ရှိပြီး ရွှေအတုသာဖြစ်နေခဲ့သည်။အဖိုးအိုသည် ရွှေကိုဝတ်ဆင်ချင်ခဲ့ပေမယ့် ဝယ်မဝတ်နိုင်မယ့်တူတူ ရွှေအတုကိုပဲ အလှသဘောမျိုးနဲ့ ဝတ်ဆင်ထားခြင်းသာဖြစ်ကြောင်း သိရချိန် ရယ်မောကုန်ကြသည်။
Nge (Cele Daily)
Zawgyi
၂ကီလိုဂရမ်အလေးချိန်ရှိသော ရွှေလက်ကောက်နဲ့ လက်စွပ်ကြီးကြီးဝတ်ထားသောအဖိုးအိုအား အထင်ကြီးမိခဲ့သော်လည်း အမှန်တရားကိုသိရချိန်မှာတော့ ရယ်မောခဲ့ရသည့်အဖြစ်
Nge (Cele Daily)