ဘွဲ့ရပြီးသော်လည်း ကုမ္ပဏီပေါင်း ၈၂၅ခုမှာ အလုပ်လျှောက်ခဲ့ပြီး အင်တာဗျူးအကြိမ်၃၀လောက်ဖြေဆိုခဲ့ပေမယ့် အလုပ်မရခဲ့သည့်အတွက် စိတ်ဓာတ်ကျပြီးငိုခဲ့သည့် မိန်းကလေး

ဘွဲ့ရပြီးသော်လည်း အလုပ်လက်မဲ့ဖြစ်နေသူများမှာ နိုင်ငံတကာတိုင်းလိုလိုရှိနေကြပြီး ကြိုးစားသမျှ မအောင်မြင်သည့်အခါ စိတ်ပျက်ဝမ်းနည်းမိကြရသည်။ယခုတွင်လည်း တရုတ်နိုင်ငံက မိန်းကလေးတစ်ဦးသည် ကောလိပ်ကနေဘွဲ့ရရှိပြီး ကုမ္ပဏီပေါင်း ၈၂၅ခုမှာ ကိုယ်ရေးရာဇဝင်တွေနဲ့အတူ အလုပ်လျှောက်လွှာများစွာ တင်ခဲ့သည်။

ကုမ္ပဏီပေါင်း ၈၀၀ကျော်မှာအလုပ်လျှောက်ခဲ့ပေမယ့် အင်တာဗျူးက အကြိမ်၃၀သာဖြေခဲ့ရပြီး ကံဆိုးစွာပဲ မိန်းကလေးအား ဘယ်နေရာမှအလုပ်မခေါ်ခဲ့၍ လက်ရှိထိ အလုပ်လက်မဲ့တစ်ယောက်ဖြစ်နေဆဲဖြစ်သည်။

မိန်းကလေးမှာ အတတ်ပညာအရည်အချင်းက စာထဲမှာပဲ တတ်မြောက်ထားပြီး လက်တွေ့အတွေ့အကြုံအရတော့ တစ်ခါမှမရှိခဲ့ဖူး၍ လျှောက်လိုက်သည့်အလုပ်တိုင်းက လက်မခံခဲ့ခြင်းဖြစ်ကာ စိတ်ပျက်ဝမ်းနည်းခြင်းများစွာနဲ့ လိုင်းပေါ်မှာရင်ဖွင့်ပြောပြခဲ့သည်။

Nge (Cele Daily)

Zawgyi

ဘြဲ႕ရၿပီးေသာ္လည္း ကုမၸဏီေပါင္း ၈၂၅ခုမွာ အလုပ္ေလွ်ာက္ခဲ့ၿပီး အင္တာဗ်ဴးအႀကိမ္၃၀ေလာက္ေျဖဆိုခဲ့ေပမယ့္ အလုပ္မရခဲ့သည့္အတြက္ စိတ္ဓာတ္က်ၿပီးငိုခဲ့သည့္ မိန္းကေလး

ဘြဲ႕ရၿပီးေသာ္လည္း အလုပ္လက္မဲ့ျဖစ္ေနသူမ်ားမွာ ႏိုင္ငံတကာတိုင္းလိုလိုရွိေနၾကၿပီး ႀကိဳးစားသမွ် မေအာင္ျမင္သည့္အခါ စိတ္ပ်က္ဝမ္းနည္းမိၾကရသည္။ယခုတြင္လည္း တ႐ုတ္ႏိုင္ငံက မိန္းကေလးတစ္ဦးသည္ ေကာလိပ္ကေနဘြဲ႕ရရွိၿပီး ကုမၸဏီေပါင္း ၈၂၅ခုမွာ ကိုယ္ေရးရာဇဝင္ေတြနဲ႔အတူ အလုပ္ေလွ်ာက္လႊာမ်ားစြာ တင္ခဲ့သည္။

ကုမၸဏီေပါင္း ၈၀၀ေက်ာ္မွာအလုပ္ေလွ်ာက္ခဲ့ေပမယ့္ အင္တာဗ်ဴးက အႀကိမ္၃၀သာေျဖခဲ့ရၿပီး ကံဆိုးစြာပဲ မိန္းကေလးအား ဘယ္ေနရာမွအလုပ္မေခၚခဲ့၍ လက္ရွိထိ အလုပ္လက္မဲ့တစ္ေယာက္ျဖစ္ေနဆဲျဖစ္သည္။

မိန္းကေလးမွာ အတတ္ပညာအရည္အခ်င္းက စာထဲမွာပဲ တတ္ေျမာက္ထားၿပီး လက္ေတြ႕အေတြ႕အႀကဳံအရေတာ့ တစ္ခါမွမရွိခဲ့ဖူး၍ ေလွ်ာက္လိုက္သည့္အလုပ္တိုင္းက လက္မခံခဲ့ျခင္းျဖစ္ကာ စိတ္ပ်က္ဝမ္းနည္းျခင္းမ်ားစြာနဲ႔ လိုင္းေပၚမွာရင္ဖြင့္ေျပာျပခဲ့သည္။

Nge (Cele Daily)

  • Leave a Comment