လူ့လောကထဲရောက်လာခါစ ကလေးငယ်လေးများသည် ဘာကိုမှမသိသေးပဲဖြစ်နေချိန် မိဘများက အချို့သောနာကျင်စရာ ကိစ္စများကိုထုတ်မပြောတတ်ကြပဲ အချိန်တစ်ခုရောက်မှ လျှို့ဝှက်ထားတာမျိုးရှိတတ်ကြသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံ၊ Anhui ပြည်နယ်မှ အသက် ၃နှစ်အရွယ် ကလေးမလေးတစ်ဦးသည် အိမ်မှာဖခင်ဖြစ်သူက သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ တစ်ချိန်တုန်းက ရိုက်ခဲ့သော မင်္ဂလာစုံတွဲဓာတ်ပုံလေးကို ဖုန်မှုန့်လေးတွေပေမနေအောင် သန့်ရှင်းလုပ်နေစဥ် လိုက်လုပ်ကူခဲ့သည်။ကလေးမလေးသည် မင်္ဂလာစုံတွဲဓာတ်ပုံမှ မိခင်ဖြစ်သူကိုမြင်သောအခါ အနမ်းဖွဖွပေးကာ သတိရကြောင်းနဲ့ တွေ့ချင်နေပြီဖြစ်ကြောင်း ဆိုနေခဲ့သည်။
အမှန်တကယ်အားဖြင့် ကလေးမလေးရဲ့မိခင်ဖြစ်သူမှာ ကုသ၍မရသောရောဂါဆိုးတစ်ခုဖြစ်ပွားပြီး ဆုံးပါးသွားပြီဖြစ်တာကို မသိရှာပဲ ဖခင်ဖြစ်သူကလည်း သမီးလေးနာကျင်ခံစားရမည်ကိုတွေးမိပြီး မိခင်ကွယ်လွန်တာကို ဖုံးကွယ်ထားကာ နေမကောင်း၍ဆေးရုံတက်နေရကြောင်းသာ ပြောထားခဲ့ခြင်းဖြစ်သည်။
Nge (Cele Daily)
Zawgyi
မိခင်ဖြစ်သူဆုံးပါးသွားတာကိုမသိပဲ ဓာတ်ပုံလေးကိုကြည့်ပြီး အနမ်းဖွဖွပေးကာ အရမ်းလွမ်းနေ၍တွေ့ချင်နေပြီဖြစ်ကြောင်း ပြောနေခဲ့သည့် အသက်၃နှစ်အရွယ် ကလေးမလေး
Nge (Cele Daily)