စားဝတ်နေရေး ခက်ခဲမှုကြောင့် မကြိုးစားကြည့်ပဲ ကိုယ့်ရဲ့စိတ်ကူးအိပ်မက်များကို စွန့်လွှတ်လိုက်ပါက အောင်မြင်မှုရဲ့အရသာကိုဘယ်သောအခါမှ သိရှိရမည်မဟုတ်ပေ။သို့ဖြစ်၍ ပါရာဂွေးနိုင်ငံ၊ San Estanislao ရှိ Ciratyတွင်နေထိုင်သော အသက်၂၄နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မိသားစုထဲမှာ မွေးချင်းမောင်နှမလေးယောက်ထဲက အကြီးဆုံးဖြစ်ပြီး စားဝတ်နေရေးခက်ခဲသောအခြေအနေမှာရှိ၍ တက္ကသိုလ်ဆက်တက်ရန် ရရာအလုပ်ကို ဝင်လုပ်ခဲ့ရသည်။
မိန်းကလေးသည် သူမနေထိုင်သောရွာလေးမှာ အလုပ်အကိုင်ရှားပါးသည့်အတွက် အနီးစပ်ဆုံးဖြစ်သည့် ဖခင်နဲ့အတူ ဆောက်လုပ်ရေးမှာ ပန်းရံအလုပ်သမားအဖြစ် လုပ်ကိုင်ရင်း ဝင်ငွေရှာခဲ့သည်။
ထိုအလုပ်မှရရှိသောဝင်ငွေနဲ့ ဥပဒေကျောင်းကိုပြီးဆုံးအောင်တက်ရောက်နိုင်ခဲ့ပြီး ဂုဏ်ယူဖွယ်ကောင်းသော ရှေ့နေတစ်ဦးဖြစ်လာပြီး အများရဲ့စံပြ ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်လာခဲ့သည်။
Nge (Cele Daily)
Zawgyi
ဆင်းရဲခက်ခဲသည့်ကြား သူမနေထိုင်သောရွာလေးမှာ အလုပ်အကိုင်ရှားပါးသည့်အတွက် ဖခင်နဲ့အတူ ပန်းရံအလုပ်တွေလိုက်လုပ်ပြီး ရှေ့နေဘွဲ့ကိုရအောင် ကြိုးစားခဲ့သည့် မိန်းကလေး
Nge (Cele Daily)