ကောင်လေးရဲ့တက်တူးထိုးအရည်အချင်းမှာ အံ့အားသင့်စရာကောင်းသောကြောင့် ဝါသနာပါသည့်အတိုင်း အသက်၁၁နှစ်အရွယ်မှာပင် ပရော်ဖက်ရှင်နယ် တက်တူးထိုးပညာရှင်တစ်ယောက်ဖြစ်လာခဲ့သည့် ကောင်လေး

လူငယ်အများစုတို့မှာ မိဘဆွေမျိုးတွေနဲ့ အနီးစပ်ဆုံးလုပ်ငန်းအတွေ့အကြုံများကို ရင်းနှီးသိရှိနေပြီး ထိုလမ်းစဥ်အတိုင်းပဲလျှောက်လှမ်း၍ အသက်မွေး၀မ်းကျောင်း ပြုကြသည်။သို့ဖြစ်၍ မက္ကဆီကိုနိုင်ငံက အသက်၁၁နှစ်အရွယ် ကောင်လေးတစ်ဦးသည် ဖခင်ဖြစ်သူမှ တက်တူးဆရာဖြစ်သည့်အလျောက် ဖခင်ရဲ့အလုပ်အကိုင်ကို သဘောကျကာ ပန်းချီဆွဲရတာလည်း ဝါသနာပါခဲ့သည်။

ကောင်လေးရဲ့စိတ်အားထက်သန်မှုကြောင့် ဖခင်ဖြစ်သူမှ အစပိုင်းတွင် သစ်သီးတွေပေါ်မှာ တက်တူးပုံဖော်ရေးထိုးလေ့ကျင့်ခိုင်းခဲ့သည်။၂နှစ်လောက်အကြာမှာတော့ ကောင်လေးရဲ့တက်တူးထိုးအရည်အချင်းမှာ အံ့အားသင့်စရာကောင်းနေ၍ ပထမဆုံးအကြိမ်အဖြစ် ဖခင်ဖြစ်သူက သူ့ရဲ့ကိုယ်ပေါ်မှာ သားလေးကို တက်တူးစတင်ထိုးခွင့်ပေးခဲ့သည်။

ထိုအချိန်ကစပြီး ကောင်လေးမှာ ဖခင်ရဲ့တက်တူးဆိုင်သို့လာသော ဖောက်သည်များကို ပြောင်မြောက်သောလက်ရာများနဲ့ တက်တူးရေးထိုးပေးနိုင်ခဲ့ပြီး ပြိုင်ပွဲတွေမှာဝင်ပြိုင်ဖို့ ကမ်းလှမ်းတာမျိုးလည်းရှိလာခဲ့သည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment