ပစ္စည်းလာပို့ရင်း လမ်းပျောက်သွားသော ပို့ဆောင်ရေးသမားအား ဆိုင်ကယ်ကိုယ်တိုင်မောင်းပြီး စိတ်သဘောထားကြီးစွာ ပြန်လိုက်ပို့ပေးခဲ့သည့်အပြင် ထမင်းတစ်နပ်ပါဝယ်ကျွေးခဲ့သည့် ဖောက်သည်ကောင်လေး

အိမ်တိုင်ရာရောက် ပစ္စည်းပို့ဆောင်မှုများသည် အသုံးများလာသလို ပစ္စည်းပို့နေရင်း ပို့ဆောင်ရေးသမားများက လမ်းလွဲသွားတာတွေ၊လမ်းပျောက်ပြီးရှာမတွေ့တော့တာတွေ ဖြစ်တတ်ကြသည်။ယခုတွင်လည်း ထိုင်းနိုင်ငံက ကောင်လေးတစ်ဦးသည် လိုင်းပေါ်ကနေပဲ စားသောက်ဖွယ်ရာများကို မှာယူကာ အိမ်တိုင်ရာရောက် လာပို့ခိုင်းခဲ့ချိန် ပို့ဆောင်ရေးသမားက အပြန်လမ်းကိုမမှတ်မိတော့ပဲ လမ်းပျောက်နေချိန် စိတ်သဘောထားကြီးစွာ အကူအညီပေးခဲ့သည်။

ကောင်လေးသည် လမ်းပျောက်နေသည့် ပို့ဆောင်ရေးသမားကို ဆိုင်ကယ်ကိုယ်တိုင်မောင်းပြီး သူနေတဲ့နေရာထိ ပြန်လိုက်ပို့ပေးကာ နေ့လည်စာစားချိန်နီးနေတာနဲ့ ထမင်းတစ်နပ်ပါ ဝယ်ကျွေးခဲ့သည်။

ထိုအဖြစ်ကိုသိရှိသော သူများမှာ ရယ်မောခဲ့ကြပြီး အများစုက ကောင်လေးအား သူတစ်ပါးအပေါ်ကူညီတတ်သောစိတ်ထားလေးကို ချီးမွမ်းခဲ့ကြသည်။

Nge (Cele Daily)

Zawgyi

ပစၥည္းလာပို႔ရင္း လမ္းေပ်ာက္သြားေသာ ပို႔ေဆာင္ေရးသမားအား ဆိုင္ကယ္ကိုယ္တိုင္ေမာင္းၿပီး စိတ္သေဘာထားႀကီးစြာ ျပန္လိုက္ပို႔ေပးခဲ့သည့္အျပင္ ထမင္းတစ္နပ္ပါဝယ္ေကြၽးခဲ့သည့္ ေဖာက္သည္ေကာင္ေလး

အိမ္တိုင္ရာေရာက္ ပစၥည္းပို႔ေဆာင္မႈမ်ားသည္ အသုံးမ်ားလာသလို ပစၥည္းပို႔ေနရင္း ပို႔ေဆာင္ေရးသမားမ်ားက လမ္းလြဲသြားတာေတြ၊လမ္းေပ်ာက္ၿပီးရွာမေတြ႕ေတာ့တာေတြ ျဖစ္တတ္ၾကသည္။ယခုတြင္လည္း ထိုင္းႏိုင္ငံက ေကာင္ေလးတစ္ဦးသည္ လိုင္းေပၚကေနပဲ စားေသာက္ဖြယ္ရာမ်ားကို မွာယူကာ အိမ္တိုင္ရာေရာက္ လာပို႔ခိုင္းခဲ့ခ်ိန္ ပို႔ေဆာင္ေရးသမားက အျပန္လမ္းကိုမမွတ္မိေတာ့ပဲ လမ္းေပ်ာက္ေနခ်ိန္ စိတ္သေဘာထားႀကီးစြာ အကူအညီေပးခဲ့သည္။

ေကာင္ေလးသည္ လမ္းေပ်ာက္ေနသည့္ ပို႔ေဆာင္ေရးသမားကို ဆိုင္ကယ္ကိုယ္တိုင္ေမာင္းၿပီး သူေနတဲ့ေနရာထိ ျပန္လိုက္ပို႔ေပးကာ ေန႔လည္စာစားခ်ိန္နီးေနတာနဲ႔ ထမင္းတစ္နပ္ပါ ဝယ္ေကြၽးခဲ့သည္။

ထိုအျဖစ္ကိုသိရွိေသာ သူမ်ားမွာ ရယ္ေမာခဲ့ၾကၿပီး အမ်ားစုက ေကာင္ေလးအား သူတစ္ပါးအေပၚကူညီတတ္ေသာစိတ္ထားေလးကို ခ်ီးမြမ္းခဲ့ၾကသည္။

Nge (Cele Daily)

  • Leave a Comment