အိမ်မှာမွေးထားတဲ့ ကြောင်ကလေးမှ အမွှေးကျွတ်လွန်း၍ မိဘနှစ်ပါးက သဘောမကျပဲ တခြားပိုင်ရှင်တစ်ဦးဆီ ပေးပစ်ဖို့စီစဥ်နေကြောင့် ကြောင်လေးကိုပွေ့ဖက်ပြီးငိုယိုနေသည့် ကောင်လေး

တိရစ္ဆာန်ချစ်တတ်သူများကသာ သူတို့အိမ်မှာမွေးထားတဲ့ ခွေးလေး၊ကြောင်လေးတွေရဲ့ဆိုးမှု ကောင်းမှုတို့ကို သည်းခံကာ ချစ်ပေးနိုင်ကြသည်။သို့ဖြစ်၍ တရုတ်နိုင်ငံက ကောင်လေးတစ်ဦးသည် သူ့ရဲ့မိဘနှစ်ပါးသဘောမကျသော ကြောင်လေးနဲ့မခွဲချင်တာကြောင့် ကြောင်လေးအား ငိုယိုပြီးတော့ ဆုံးမစကားပြောဆိုခဲ့သည်။

ကောင်လေးရဲ့မိဘနှစ်ပါးက ကြောင်လေးရဲ့အမွှေးတွေက တစ်အိမ်လုံးဖွာကျနေတာကြောင့် အမွှေးကျွတ်လွန်း၍ သဘောမကျပဲ တခြားပိုင်ရှင်တစ်ဦးဆီ ပေးပစ်ဖို့စီစဥ်နေကြသည်။

ထိုအဖြစ်ကိုကြားသိသော ကောင်လေးက သူ့ရဲ့ကြောင်လေးကို အမွှေးမကျွတ်အောင် ဆင်ဆင်ခြင်ခြင်နေဖို့ပြောဆိုပြီး ငိုယိုနေတာကြောင့် မိဘနှစ်ပါးမှစိတ်ပြောင်းပြီး ကြောင်လေးအား ရှေ့လျှောက်သည်းခံပြီး စောင့်ရှောက်သွားမည်ဟု ပြန်ပြောခဲ့မှပဲ အငိုတိတ်သွားတော့သည်။

Nge (Cele Daily)

Zawgyi

အိမ္မွာေမြးထားတဲ့ ေၾကာင္ကေလးမွ အေမႊးကြၽတ္လြန္း၍ မိဘႏွစ္ပါးက သေဘာမက်ပဲ တျခားပိုင္ရွင္တစ္ဦးဆီ ေပးပစ္ဖို႔စီစဥ္ေနေၾကာင့္ ေၾကာင္ေလးကိုေပြ႕ဖက္ၿပီးငိုယိုေနသည့္ ေကာင္ေလး

တိရစာၦန္ခ်စ္တတ္သူမ်ားကသာ သူတို႔အိမ္မွာေမြးထားတဲ့ ေခြးေလး၊ေၾကာင္ေလးေတြရဲ႕ဆိုးမႈ ေကာင္းမႈတို႔ကို သည္းခံကာ ခ်စ္ေပးႏိုင္ၾကသည္။သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံက ေကာင္ေလးတစ္ဦးသည္ သူ႔ရဲ႕မိဘႏွစ္ပါးသေဘာမက်ေသာ ေၾကာင္ေလးနဲ႔မခြဲခ်င္တာေၾကာင့္ ေၾကာင္ေလးအား ငိုယိုၿပီးေတာ့ ဆုံးမစကားေျပာဆိုခဲ့သည္။

ေကာင္ေလးရဲ႕မိဘႏွစ္ပါးက ေၾကာင္ေလးရဲ႕အေမႊးေတြက တစ္အိမ္လုံးဖြာက်ေနတာေၾကာင့္ အေမႊးကြၽတ္လြန္း၍ သေဘာမက်ပဲ တျခားပိုင္ရွင္တစ္ဦးဆီ ေပးပစ္ဖို႔စီစဥ္ေနၾကသည္။

ထိုအျဖစ္ကိုၾကားသိေသာ ေကာင္ေလးက သူ႔ရဲ႕ေၾကာင္ေလးကို အေမႊးမကြၽတ္ေအာင္ ဆင္ဆင္ျခင္ျခင္ေနဖို႔ေျပာဆိုၿပီး ငိုယိုေနတာေၾကာင့္ မိဘႏွစ္ပါးမွစိတ္ေျပာင္းၿပီး ေၾကာင္ေလးအား ေရွ႕ေလွ်ာက္သည္းခံၿပီး ေစာင့္ေရွာက္သြားမည္ဟု ျပန္ေျပာခဲ့မွပဲ အငိုတိတ္သြားေတာ့သည္။

Nge (Cele Daily)

  • Leave a Comment