ကွယ်လွန်သွားတဲ့ဇနီးဖြစ်သူအကြိုက်ဆုံး စောင်ခြုံထည်လေးကို ဝက်ဝံရုပ်လေးလုပ်ပြီး မြေးမလေးဆီကနေ မွေးနေ့လက်ဆောင်ရခဲ့တာကြောင့် မျက်ရည်ကျသည်ထိ ပျော်ရွှင်ခဲ့သည့် အဖိုး

လူတိုင်းက ကိုယ်ချစ်ရတဲ့သူနဲ့ ထာဝရမခွဲပဲ အတူရှိနေသွားချင်ပေမယ့် ကံကြမ္မာအပြောင်းအလဲအရ ခွဲခွာကြရသည့်အခါ အချိန်တော်ကြာထိ သတိရလွမ်းဆွတ်မိနေဆဲဖြစ်ကြသည်။ယခုတွင်လည်း စပိန်နိုင်ငံက အဖိုးအိုတစ်ဦးသည် သူ့ရဲ့မွေးနေ့မှာ မြေးမလေးဆီကနေ တန်ဖိုးမကြီးတဲ့ ဝက်ဝံရုပ်လေးတစ်ရုပ်ကို လက်ဆောင်ရရှိခဲ့ပေမယ့် အဖြစ်မှန်ကိုသိရပြီးချိန် ပျော်လွန်းလို့ မျက်ရည်ကျခဲ့ရသည်။

ထိုအရုပ်လေးက ကွယ်လွန်သွားသည့်ဇနီးဖြစ်သူအကြိုက်ဆုံးဖြစ်ခဲ့တဲ့ စောင်ထည်လေးနဲ့ ဖန်တီးပြုလုပ်ထားတာကြောင့် အဖိုးဖြစ်သူမှာ ဇနီးသည်ကိုသတိရသွားပြီး အရုပ်လေးကိုပွေ့ဖက်ကာ ငိုခဲ့သည်။

ထို့နောက် အဖိုးအိုသည် ထိုသို့သောတန်ဖိုးဖြတ်မရနိုင်သည့် အရုပ်လေးကိုလက်ဆောင်ပေးခဲ့သည့် မြေးမလေးအား ကျေးဇူးတင်ကာ အရုပ်လေးရှိနေခြင်းက သူ့ရဲ့ဇနီးဖြစ်သူအနားမှာရှိနေပေးသလိုခံစားရသည်ဟုဆိုခဲ့သည်။

Nge (Cele Daily)

Zawgyi

ကြယ္လြန္သြားတဲ့ဇနီးျဖစ္သူအႀကိဳက္ဆုံး ေစာင္ၿခဳံထည္ေလးကို ဝက္ဝံ႐ုပ္ေလးလုပ္ၿပီး ေျမးမေလးဆီကေန ေမြးေန႔လက္ေဆာင္ရခဲ့တာေၾကာင့္ မ်က္ရည္က်သည္ထိ ေပ်ာ္႐ႊင္ခဲ့သည့္ အဖိုး

လူတိုင္းက ကိုယ္ခ်စ္ရတဲ့သူနဲ႔ ထာဝရမခြဲပဲ အတူရွိေနသြားခ်င္ေပမယ့္ ကံၾကမၼာအေျပာင္းအလဲအရ ခြဲခြာၾကရသည့္အခါ အခ်ိန္ေတာ္ၾကာထိ သတိရလြမ္းဆြတ္မိေနဆဲျဖစ္ၾကသည္။ယခုတြင္လည္း စပိန္ႏိုင္ငံက အဖိုးအိုတစ္ဦးသည္ သူ႔ရဲ႕ေမြးေန႔မွာ ေျမးမေလးဆီကေန တန္ဖိုးမႀကီးတဲ့ ဝက္ဝံ႐ုပ္ေလးတစ္႐ုပ္ကို လက္ေဆာင္ရရွိခဲ့ေပမယ့္ အျဖစ္မွန္ကိုသိရၿပီးခ်ိန္ ေပ်ာ္လြန္းလို႔ မ်က္ရည္က်ခဲ့ရသည္။

ထိုအ႐ုပ္ေလးက ကြယ္လြန္သြားသည့္ဇနီးျဖစ္သူအႀကိဳက္ဆုံးျဖစ္ခဲ့တဲ့ ေစာင္ထည္ေလးနဲ႔ ဖန္တီးျပဳလုပ္ထားတာေၾကာင့္ အဖိုးျဖစ္သူမွာ ဇနီးသည္ကိုသတိရသြားၿပီး အ႐ုပ္ေလးကိုေပြ႕ဖက္ကာ ငိုခဲ့သည္။

ထို႔ေနာက္ အဖိုးအိုသည္ ထိုသို႔ေသာတန္ဖိုးျဖတ္မရႏိုင္သည့္ အ႐ုပ္ေလးကိုလက္ေဆာင္ေပးခဲ့သည့္ ေျမးမေလးအား ေက်းဇူးတင္ကာ အ႐ုပ္ေလးရွိေနျခင္းက သူ႔ရဲ႕ဇနီးျဖစ္သူအနားမွာရွိေနေပးသလိုခံစားရသည္ဟုဆိုခဲ့သည္။

Nge (Cele Daily)

  • Leave a Comment