အဖေနှင့်အမေက ကားလေးဝယ်စီးဖို့ပိုက်ဆံမလောက်ဖြစ်နေတာကို ကြားသိပြီး ပိုက်ဆံရဖို့ အမှိုက်လိုက်ကောက်၍ ငွေရအောင်ကူရှာပေးနေသည့် လိမ္မာတဲ့သမီးလေး

ကလေးငယ်လေးများသည် အင်မတန်မှအပြစ်ကင်းစင်ပြီး သူတို့လေးတွေရဲ့အတွေးက တစ်ခါတစ်လေ လူကြီးမိဘများကို ရယ်မောစရာဖြစ်စေသည်။ယခုတွင်လည်း တရုတ်နိုင်ငံက ကလေးမလေးတစ်ဦးသည် ဖြူစင်သောအတွေးလေးနဲ့ လမ်းဘေးမှာ ပြန်ရောင်း၍ရသော ပလက်စတစ်ဘူးခွံ ကတ်ထူပြားများကိုရှာကောက်ပြီး အိမ်သယ်ပြန်ကာ မိဘနှစ်ပါးကိုပေးခဲ့သည်။

ကလေးမလေး ထိုသို့ပြုလုပ်ရခြင်းအကြောင်းမှာ သူမရဲ့မိဘနှစ်ပါးက ကားသစ်တစ်စီးဝယ်ယူရန်စီစဥ်နေကြပြီး ငွေမလောက်သည့်အတွက် အခက်တွေ့နေရတာကို သမီးဖြစ်သူမှ ကြားသိပြီး ပိုက်ဆံရဖို့ အမှိုက်လိုက်ကောက်ခဲ့ခြင်းဖြစ်သည်။

သမီးလေးသည် သူမကောက်လာသောအမှိုက်သုံးထုပ်ကို မိဘနှစ်ပါးအားပေးပြီး ကားဝယ်နိုင်ရန် ရောင်းဖို့ပြောခဲ့တာကြောင့် မိဘနှစ်ပါးမှာ အံ့အားသင့်ခဲ့ရသလို သမီးလိမ္မာလေးရထား၍ ဝမ်းသာပီတိဖြစ်နေခဲ့သည်။

Nge (Cele Daily)

Zawgyi

အေဖႏွင့္အေမက ကားေလးဝယ္စီးဖို႔ပိုက္ဆံမေလာက္ျဖစ္ေနတာကို ၾကားသိၿပီး ပိုက္ဆံရဖို႔ အမႈိက္လိုက္ေကာက္၍ ေငြရေအာင္ကူရွာေပးေနသည့္ လိမၼာတဲ့သမီးေလး

ကေလးငယ္ေလးမ်ားသည္ အင္မတန္မွအျပစ္ကင္းစင္ၿပီး သူတို႔ေလးေတြရဲ႕အေတြးက တစ္ခါတစ္ေလ လူႀကီးမိဘမ်ားကို ရယ္ေမာစရာျဖစ္ေစသည္။ယခုတြင္လည္း တ႐ုတ္ႏိုင္ငံက ကေလးမေလးတစ္ဦးသည္ ျဖဴစင္ေသာအေတြးေလးနဲ႔ လမ္းေဘးမွာ ျပန္ေရာင္း၍ရေသာ ပလက္စတစ္ဘူးခြံ ကတ္ထူျပားမ်ားကိုရွာေကာက္ၿပီး အိမ္သယ္ျပန္ကာ မိဘႏွစ္ပါးကိုေပးခဲ့သည္။

ကေလးမေလး ထိုသို႔ျပဳလုပ္ရျခင္းအေၾကာင္းမွာ သူမရဲ႕မိဘႏွစ္ပါးက ကားသစ္တစ္စီးဝယ္ယူရန္စီစဥ္ေနၾကၿပီး ေငြမေလာက္သည့္အတြက္ အခက္ေတြ႕ေနရတာကို သမီးျဖစ္သူမွ ၾကားသိၿပီး ပိုက္ဆံရဖို႔ အမႈိက္လိုက္ေကာက္ခဲ့ျခင္းျဖစ္သည္။

သမီးေလးသည္ သူမေကာက္လာေသာအမႈိက္သုံးထုပ္ကို မိဘႏွစ္ပါးအားေပးၿပီး ကားဝယ္ႏိုင္ရန္ ေရာင္းဖို႔ေျပာခဲ့တာေၾကာင့္ မိဘႏွစ္ပါးမွာ အံ့အားသင့္ခဲ့ရသလို သမီးလိမၼာေလးရထား၍ ဝမ္းသာပီတိျဖစ္ေနခဲ့သည္။

Nge (Cele Daily)

  • Leave a Comment