လအတော်ကြာထိ အားကစားရုံမှာ Gymသွားဆော့ခဲ့ပေမယ့် ဘာမှမထူးခြားလာ၍ ဝမ်းဗိုက်မှာ 6-packကြွက်သားနဲ့ အမိုက်စားပုံတူ တက်တူးထိုးခဲ့သည့် အမျိုးသား

6-pack ကြွက်သားအလှကို အမျိုးသားတိုင်းလိုလိုနှစ်သက်ကြပြီး ပိုင်ဆိုင်ချင်ပေမယ့် ကြိုးစားအားထုတ်ဖို့ကိုပျင်းရိနေတတ်ကြသည်။သို့ဖြစ်၍ အမေရိကန်နိုင်ငံက အသက်၃၄နှစ်အရွယ် အမျိုးသားတစ်ဦးသည် 6-pack ခန္ဓာကိုယ်မျိုးရချင်တာကြောင့် နေ့စဥ်အားကစားရုံမှာ သွားပြီး လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့သည်။

အမျိုးသားသည် လအတော်ကြာသည်ထိ ကြိုးစားပြီးလေ့ကျင့်ခန်းကိုပုံမှန်လုပ်ဆောင်ခဲ့သော်လည်း သူများတွေလိုကြွက်သားအလှတွေထွက်မလာပဲ ဘာတစ်ခုမှထူးခြားမလာခဲ့ပေ။

နောက်ဆုံးမှာတော့ အမျိုးသားသည် လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းကို လက်လျှော့လိုက်ပြီး အချိန်ကုန်လူပင်ပန်းရသက်သာအောင် ငွေကုန်ကြေးကျလည်းနည်းသွားအောင် သူ့ရဲ့ဝမ်းဗိုက်ပေါ်မှာ စိတ်တိုင်းကျစေမည့်6-packကြွက်သားကို ပုံစံတူတက်တူးထိုးပစ်လိုက်တော့သည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment