၉နှစ်အကြာ မိခင်အရင်းလိုကျွေးမွေးစောင့်ရှောက်လာခဲ့သော မိထွေးဖြစ်သူမှ ဖခင်နဲ့စကားများပြီး အိမ်ကထွက်သွားချိန် ငိုပြီးတားနေခဲ့တဲ့ ကောင်လေး

မိဘတို့နောက်အိမ်ထောင်ကျပြုကြသည့်အခါ သားသမီးများမှာ မိထွေး၊ပထွေးတို့နဲ့ အဆင်မပြေဖြစ်တာမျိုးတွေကြုံကြရသည်။သို့ဖြစ်၍ တရုတ်နိုင်ငံက ကောင်လေးတစ်ဦးသည် ငယ်စဥ်လေးတည်းက မိခင်ဖြစ်သူမှာ ဆုံးပါးသွား၍ ဖခင်ကနောက်အိမ်ထောင်ပြုချိန် မိထွေးဖြစ်သူကပဲ သူ့အားပြုစုစောင့်ရှောက်ပေးခဲ့သည်။

မိထွေးဖြစ်သူသည် သားသမီးမရှိတာကြောင့် ကောင်လေးကိုသားအရင်းလေးလို ၉နှစ်ကြာသည်ထိ ကျွေးမွေးခဲ့ရာ သူတို့နှစ်ဦး​ကြားဆက်ဆံရေးက သားအမိရင်းတွေထက်ပင် ကောင်းမွန်နေခဲ့သည်။

ထို့ကြောင့် ကောင်လေးသည် မိထွေးဖြစ်သူမှ ဖခင်နဲ့ရန်ဖြစ်စကားများပြီးတော့ အိမ်ကထွက်သွားတော့မည်အလုပ်မှာ သူ့အားထားမသွားဖို့နဲ့ ဖခင်ကိုစိတ်ဆိုးပြေဖို့ ငိုပြီးတားနေသည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment