မည်သူမဆို ကိုယ်ချစ်တဲ့သူတွေဆီကနေ လက်ဆောင်ပစ္စည်းရရှိသည့်အခါ အင်မတန်မှ ဝမ်းသာပျော်ရွှင်တတ်ကြသည်။သို့ဖြစ်၍ မလေးရှားနိုင်ငံက ဇနီးသည်တစ်ဦးသည် ခင်ပွန်းဖြစ်သူဆီကနေငွေပန်းစည်းသုံးခုကိုရရှိခဲ့ရာ မမျှော်လင့်ထားသည့်အတွက် ဝမ်းသာလွန်းလို့ မျက်ရည်ပါကျခဲ့ပေမယ့် တစ်နာရီလောက်အကြာမှာတော့ ငိုချင်စိတ်ပေါက်လာခဲ့သည်။
ခင်ပွန်းဖြစ်သူပေးသော ငွေပန်းစည်းလေးတွင် ရိုမန်းဂစ်၃၁၄၈ပင်ရှိခဲ့ရာ ဇနီးသည်မှ ဝမ်းသာစွာ လိုင်းပေါ်တင်ကြွားခဲ့ပြီး တစ်နာရီလောက်အကြာမှာ ငွေ စက္ကူကိုပြန်ဖြုတ်ယူခဲ့သည်။
ဇနီးဖြစ်သူသည် ပန်းစည်းကနေ ငွေစက္ကူကိုပြန်ဖြုတ်ချိန် စုတ်ပြဲသွားမှာကိုစိုးရိမ်နေရပြီး သေချာလေးခေါက်ထားသည့်အတွက် ဖြုတ်ရခက်ခဲကာ သားလေးနဲ့အစ်ကိုဖြစ်သူကိုပါ ဖြုတ်ကူခိုင်းခဲ့ပြီး ၃နာရီပင်ကြာခဲ့တာကြောင့် ခင်ပွန်းအား နောက်ခါငွေပန်းစည်းမပေးဖို့ ကြွေကွဲစွာနဲ့ ရင်ဖွင့်ခဲ့သည်။
Nge (Cele Daily)
Zawgyi
ခင်ပွန်းဖြစ်သူဆီကနေ ငွေစက္ကူပန်းစည်းသုံးခုတောင်ရရှိခဲ့ပေမယ့် မပျော်ရွှင်နိုင်တော့ဘဲ ခင်ပွန်းအား နောက်ခါငွေပန်းစည်းမပေးဖို့ ကြွေကွဲစွာနဲ့ ရင်ဖွင့်ခဲ့တဲ့ဇနီးသည်
Nge (Cele Daily)