ဆင်းရဲနွမ်းပါးသူအများစုတို့မှာ စိတ်ပင်ပန်း လူပင်ပန်းဖြစ်ရသည့်အခါ မပြင်မဆင်ပဲနေတတ်ကြ၍ အသက်အရွယ်နဲ့မမျှပဲ ပိုပြီးတော့အိုမင်းနေတတ်သည်။ယခုတွင်လည်း တရုတ်နိုင်ငံက အသက်၆နှစ်အရွယ် မြေးမလေးတစ်ဦးသည် ဆယ်စုနှစ်အကြာ လမ်းဘေးမှာသန့်ရှင်းရေးအလုပ်နဲ့ဝင်လုပ်ပြီး ကျွေးမွေးစောင့်ရှောက်လာခဲ့သော အဖွားဖြစ်သူကို အလှပြင်ပေးဖို့ မိတ်ကပ်ပညာရှင်ဆီမှာအကူအညီတောင်းခဲ့သည်။
အဖွားဖြစ်သူသည် နေပူမိုးရွာမရှောင်နဲ့ ပင်ပင်ပန်းပန်း အလုပ်လုပ်လာခဲ့တာကြောင့် မျက်နှာမှာနေလောင်ထားပြီး အသက်ကြီးလာသည်နှင့်အမျှ အရေးကြောင်းတွေကလည်းဖြစ်ပေါ်နေခဲ့သည်။
အဖွားဖြစ်သူမှာ မိတ်ကပ်တွေနဲ့အလှပြင်ခဲ့ပြီးနောက် ငယ်ရွယ်နုပျိုလှပနေဆဲဖြစ်ကာ မြေးမလေးရဲ့ကျေးဇူးကြောင့် သူမရဲ့အလှတရားကိုတဖန်ပြန်လည်ပြန်မြင်ရဖို့ အခွင့်အရေးရရှိကာ ဝမ်းသာလွန်းလို့ မျက်ရည်များပင်ကျနေခဲ့သည်။
Nge (Cele Daily)
Zawgyi
သန့်ရှင်းရေးအလုပ်သမားအဖြစ်နဲ့ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း ရှာကျွေးလာခဲ့သော အဖွားဖြစ်သူကို မင်းသမီးလေးလိုဖြစ်သွားသည်ထိ အလှပြင်ပေးခဲ့သည့် အသက်၆နှစ်အရွယ် မြေးမလေး
Nge (Cele Daily)