ငယ်စဥ်ကလေးဘဝတည်းက မငြီးမငြူ ကျွေးမွေးစောင့်ရှောက်လာခဲ့သော မိဘနှစ်ပါးကို ဒုက္ခရောက်နေချိန် တဖန်ပြန်လည်ပြီးတော့ ပေးဆပ်ကာ စောင့်ရှောက်သင့်သည်။သို့ဖြစ်၍ အမေရိကန်နိုင်ငံက အသက်၂၅နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဆေးရုံတစ်ခုမှာ ဖခင်ဖြစ်သူအား အသိမပေးပဲ သူမရဲ့သဘောအတိုင်း ဖခင်လိုအပ်နေသည့် ကျောက်ကပ်ကို လှူဒါန်းခဲ့သည်။
ဖခင်ဖြစ်သူမှာ ကျောက်ကပ်ရောဂါကြောင့် တစ်ပတ်ကို၄ရက်လောက်က ကျောက်ကပ်ဆေးနေရပြီး ဆေးရုံနဲ့အိမ်နဲ့ကူးနေရတာကို သမီးလေးမှ မကြည့်ရက်တော့ပဲဖြစ်နေသည်။ထို့ကြောင့် သမီးဖြစ်သူမှာ ဖခင်အားကျောက်ကပ်အစားထိုးကုသဖို့ ဆေးရုံစရိတ်ကိုကြိုတင်ရှာထားပြီး အမည်မသိသူတစ်ဦးဆီကနေ ကျောက်ကပ်အလှူရှင်ရှိတယ်ဆိုပြီး ဖခင်ကိုသူမရဲ့ကျောက်ကပ်တစ်ခြမ်းပေးခဲ့သည်။
ဖခင်ဖြစ်သူကတော့ အစားထိုးကုသမှုခံယူပြီးမှ အလှူရှင်သူ့သမီးလေးဖြစ်နေတာကိုသိခဲ့ရပြီး ပီတိဖြစ်မိကာ မျက်ရည်လေးတွေကျနေခဲ့သည်။
Nge (Cele Daily)
Zawgyi
ကျောက်ကပ်အလှူရှင်ရှာရခက်ခဲနေတဲ့ဖခင်အား မကြည့်ရက်တော့တာကြောင့် သူမရဲ့ကျောက်ကပ်တစ်ခြမ်းကို ဖခင်မသိအောင် တိတ်တဆိတ် အစားထိုးကုသဖို့ ပေးလှူလိုက်သည့် သမီးမ္မာလေး
Nge (Cele Daily)