ငွေကြေးချမ်းသာသူများအတွက် အပိုအလျှံဖြစ်နေသော အရာလေးများသည် အချို့သောဆင်းရဲချို့တဲ့သူများအတွက် အင်မတန်မှအဖိုးတန်ပြီး အသုံးတည့်တာမျိုးဖြစ်နေတတ်သည်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက ကောင်လေးတစ်ဦးသည် စားဝတ်နေရေးအတွက် လမ်းပေါ်ထွက်ပြီး ထီလက်မှတ်ရောင်းနေရစဥ် မထင်မှတ်ပဲ မင်္ဂလာပွဲတစ်ခုနဲ့တိုးကာ ဧည့်သည်များဆီ ထီလက်မှတ်လိုက်ရောင်းခဲ့သည်။
ကောင်လေးသည် ထီလက်မှတ်ရောင်းနေရင်း သူများစားပြီးသားစားပွဲဝိုင်းမှ ကျန်ရှိနေသော စားစရာများကို တစ်ယောက်တည်းယူစားလို့ရပေမယ့် မစားခဲ့ပေ။
ကောင်လေးသည် ကျန်ရှိနေသေးသော ပုစွန်ဟင်းကိုကြည့်ပြီး ဆင်းရဲနွမ်းပါးမှုကြောင့် တစ်ခါမှမဝယ်စားဖူးကြသော အဖေနဲ့အဖွားဖြစ်သူကိုသတိရမိကာ သူတို့လေးတွေနဲ့အိမ်ရောက်မှအတူစားဖို့ ကြွပ်အိတ်မည်းလေးနဲ့ထုတ်ပြန်ခဲ့သည်။
Nge (Cele Daily)
Zawgyi
မင်္ဂလာပွဲတစ်ခုမှာ ထီလက်မှတ်ဝင်ရောင်းပြီး သူများစားပြီးသားကျန်နေခဲ့တဲ့စားပွဲဝိုင်းဆီကနေ အဖေနဲ့အဖွားဖြစ်သူကိုကျွေးဖို့ ပုစွန်ကိုကြွပ်ကြွပ်အိတ်လေးနဲ့ထုတ်ပြန်ခဲ့တဲ့ ကောင်လေး
Nge (Cele Daily)