သူမ၏အဝလွန်နေသည့် ခန္ဓာကိုယ်ကြောင့် လမ်းခွဲပြီး အချစ်ဆုံးသူငယ်ချင်းကောင်မလေးနှင့် တွဲနေခဲ့သည့်ချစ်သူကို လက်စားချေရန်အတွက် ၄လအတွင်းပြောင်းလဲခဲ့သည့်ကောင်မလေး

ယနေ့ခေတ်တွင် လူအများစုတို့ဟာ အချစ်တွင်သစ္စာတရား၌ အလေးမထားတော့ဘဲ ပျက်စီးလာကြတာကို သတိထားမိနေခဲ့ပါတယ်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှ အသက်၂၁နှစ်အရွယ် ငုယင်သီသောနီသည် ခန္ဓကိုယ်ဝဖြိုးနေသည့်အတွက် ချစ်သူကောင်လေး၏လမ်းခွဲခြင်းကိုခံခဲ့ရပါတယ်။

သူမ၏အချစ်ဆုံး သူငယ်ချင်းဖြစ်သူ၏ စနှိုက်ကြော်ခြင်းကိုခံခဲ့ရပြီး ကောင်လေးကလည်း အလှတရားကိုမက်မောပြီး ခြံခုန်သွားခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် ကောင်မလေးဟာ ချစ်သူကိုလက်စားချေချင်သည့်အတွက် အဝလွန်နေသော ခန္ဓာကိုယ်ကို ၄လအတွင်းဝိတ်ချပြီး ပုရိသတိုင်းက လိုချင်သောစွဲမက်ဖွယ်မိန်းကလေးဖြစ်အောင် ပြောင်းလဲလာနိုင်ခဲ့တာဖြစ်ပါတယ်။

ကောင်မလေး၏ မနက်နှင့်ညအချိန်တွေမှာ လေ့ကျင့်ကိုပြင်းထန်စွာလုပ်ဆောင်ပြီး ကြိုးစားကာဝိတ်လျော့ခဲ့တာဟုသိရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment