နေစရာအိမ်မရှိလို့ လှေတစ်စီးပေါ်တွင် နေထိုင်ခဲ့ရသည့်ဘဝမှ ၃၉နှစ်အကြာတွင် မွေးရပ်မြေသို့ ပြန်ခွင့်ရခဲ့တာကြောင့် ဝမ်းသားမျက်ရည်ကျသည်အထိပင် ပျော်ရွင်နေခဲ့သည့်အဖိုးအို

မည်မျှပင်စည်းစိမ်ချမ်းသာတွေ ပြည့်ဝနေသော အရပ်ဒေသသို့ရောက်ရှိနေပါစေ မွေးရပ်မြေလေးကိုတော့ အမြဲတမ်းလွမ်းဆွတ်သတိရနေတတ်ကြတာဖြစ်ပါတယ်။ယခုတွင်လည်း Phu Xuyen ဆိုသည့်အဖိုးအိုသည် ၁၉၈၄ ခုနှစ်တွင် မွေးရပ်မြေမှစွန့်ခွာပြီး ဘဝတိုးတက်စေရေးအတွက် အလုပ်လုပ်ရန်ဆုံးဖြတ်ခဲ့ပါတယ်။

ထို့နောက် ရောက်လေရာအရပ်မှ တွေ့ရာအလုပ်ကိုသာကြိုးစားလုပ်ကိုင်ခဲ့ပြီး အိမ်ထောင်ကျသွားခဲ့ရာမှာတော့ နေစရာအိမ်မရှိခဲ့သည့်အတွက် လှေတစ်စင်းပေါ်တွင် သွားရောက်နေထိုင်ခဲ့ပါတယ်။

ဆင်းရဲလှသောအခြေအနေကြောင့် မွေးရပ်မြေသို့ မပြန်နိုင်ခဲ့ဘဲ ၃၉နှစ်ကြာသွားချိန်မှာတော့ မွေးရပ်မြေသို့ ခြေချခွင့်ရရှိလိုက်ချိန်တွင် ဝမ်းသာပျော်ရွင်မှုတွေနှင့်အတူ မျက်ရည်ကျနေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment