မိခင်ဖြစ်သူထက် အသက်၁၃နှစ်ပိုကြီးနေသော အသက်၆၄နှစ်အရွယ် ကလေး၄ယောက်အမေကို အွန်လိုင်းမှတစ်ဆင့်သိခဲ့ပြီးနောက် လက်ထပ်ယူခဲ့သည့် အသက်၂၅နှစ်အရွယ်လူငယ်လေး

အင်္ဂလန်နိုင်ငံ Luke Ellisဆိုသည့်အသက်၂၅နှစ်အရွယ်လူငယ်လေးဟာ အွန်လိုင်းမှတစ်ဆင့် အသက်၆၄နှစ်အရွယ် Steff White နှင့် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ထို့နောက် အွန်လိုင်းတွင်၂ရက်အကြာစကားပြောပြီးချိန်မှာတော့ အပြင်မှာချိန်းတွေ့ခဲ့ကြသောအခါ လူငယ်လေးက ချစ်ခွင့်ပန်ခဲ့တာဟုသိရပါတယ်။

ထိုအခါ Steff Whiteက သူမကို မထင်မှတ်ဘဲချစ်ခွင့်ပန်လာခဲ့သည့်အတွက် ထီပေါက်သကဲ့သို့ ဝမ်းသာပျော်ရွင်ခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။အသက်အရွယ်ကွာခြားလွန်းတာကြောင့် အပြင်သို့အတူတူထွက်သည့်အချိန်မျိုးတွင် လူတိုင်း၏ပြောဆိုခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။

သို့သော်လည်း နှစ်ဦးသားကတော့ အချိန်ကြာလာသည်နှင့်အမျှ အချစ်တွေတိုးပွားလာခဲ့ပြီး အရာရာကိုရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi

မိခင်ဖြစ်သူထက် အသက်၁၃နှစ်ပိုကြီးနေသော အသက်၆၄နှစ်အရွယ် ကလေး၎ယောက်အမေကို အွန်လိုင်းမှတစ်ဆင့်သိခဲ့ပြီးနောက် လက်ထပ်ယူခဲ့သည့် အသက်၂၅နှစ်အရွယ်လူငယ်လေး




Shoon (Cele Daily)

  • Leave a Comment