ပထမဦးဆုံးသော သားသမီးလေးတွေကို ပိုင်ဆိုင်ရသော မိဘများသာမကဘဲ အဖိုးအဖွားတို့သည်လည်း ပထမဆုံးသော မြေးလေးအတွက် စိတ်လှုပ်ရှားပျော်ရွင်နေခဲ့ကြမှာဖြစ်ပါတယ်။မကြာသေးမီက ပထမဦးဆုံးသော မြေးလေးကို ထိန်းခဲ့ရသော အဖွားဖြစ်သူကတော့ ကလေးနှင့်အတူပင် ထိုင်ငိုနေခဲ့ရပါတယ်။
မြေးလေး၏အနားတွင်ရှိနေပေးသော အဖွားဖြစ်သူဟာ မြေးလေးငိုလာသောအခါ အငိုတိတ်စေရန် ချော့မော့နေခဲ့တာဖြစ်ပါတယ်။ထို့နောက် ဘယ်လိုချော့ချော့ အငိုမတိတ်သော မြေးလေးကြောင့် စိတ်ညစ်ကာဝမ်းနည်းစွာဖြင့် ကလေးတစ်ယောက်လို ထိုင်ငိုနေခဲ့တော့တာဖြစ်ပါတယ်။
ချွေးမနှင့် သားဖြစ်သူတို့ကလည်း အဖွားရောကလေးပါငိုနေသည့်အသံကို ကြားလိုက်ရတာကြောင့် စိုးရိမ်တကြီးဖြင့် ပြေးကြည့်ခဲ့ရာမှ အဖြစ်မှန်ကို သိရှိခဲ့ရတာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
ငိုနေသည့်မြေးလေးကို အငိုတိတ်သွားအောင် မချော့နိုင်ခဲ့တာကြောင့် မြေးလေးနှင့်အပြိုင် ဝမ်းနည်းစွာအော်ငိုနေခဲ့သည့် အဖွား၏အဖြစ်
Shoon (Cele Daily)