သေဆုံးသွားခဲ့သည့် မိသားစုဝင်၇ဦးနှင့် မခွဲချင်တာကြောင့် နေအိမ်ထဲ၌ပင် မြှုပ်နှံထားခဲ့ပြီး အတူတူနေထိုင်လျက်ရှိသည့် အသက်၁၀၁နှစ်အရွယ်အဖိုးအို

ယခုဖော်ပြပေးထားတဲ့အကြောင်းအရာလေးကတော့ ဗီယက်နမ်နိုင်ငံမှ အသက်၁၀၁နှစ်အရွယ်ရှိနေပြီဖြစ်သော ငုယင်ဗန်ဆူဆိုသည့် အဖိုးအို၏အကြောင်းပင်ဖြစ်ပါတယ်။အဖိုးအိုဟာ သူ၏မိသားစုဝင်တွေကို အရမ်းသံယောဇဥ်ရှိနေခဲ့တာကြောင့် အဖိုးအို၏မိဘနှစ်ပါးအပြင် ညီအကိုတို့၏အုတ်ဂူ လေးခုကို အနီးရောင်ကြွေပြားများနှင့် နေအိမ်၌ပင်အုတ်ဂူပြုလုပ်ထားရှိခဲ့တာဖြစ်ပါတယ်။

ထို့နောက်သေဆုံးသွားခဲ့သည့် သားသမီး၃ဦးအတွက်လည်း နေအိမ်ထဲ၌ပင် ပြုလုပ်ထားရှိခဲ့တာဖြစ်ပါတယ်။အဖိုးအိုသည် နေ့စဥ်နေတိုင်းအုတ်ဂူလေးများနှင့်သာ နေအိမ်ထဲတွင် အချိန်ကုန်ဆုံးတတ်ပြီး မိသားစုအပေါ်ကို သာမန်ထက်သံယောဇဥ်ပိုနေခဲ့တာဖြစ်ပါတယ်။

နေအိမ်ထဲတွင် အုတ်ဂူ၇ခုအထိရှိနေခဲ့သော အဖြစ်ဟာ လူတိုင်းအတွက် ထူးဆန်းအံ့သြနေခဲ့ကြမှာသေချာပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment