ကင်ဆာရောဂါကြောင့် ဘဝ၏နောက်ဆုံးအချိန်သို့ရောက်ရှိနေချိန်တွင် သူငယ်ချင်းများနှင့်အတူ ပျော်ပါးစွာဖြင့် ၃နာရီကြာအောင် ဂိမ်းအတူတူဆော့သွားခဲ့သည့် ၂၁နှစ်အရွယ်လူငယ်လေး

ကင်ဆာရောဂါသည် အလွန်ကြောက်စရာကောင်းသော ရောဂါတစ်ခုဖြစ်ကြောင်းကို လူတိုင်းနာလည်သဘောပေါက်ကြပါတယ်။ယခုတွင်လည်း အသက်၂၁နှစ်အရွယ်သာရှိသေးသော Chris Taylor လူငယ်လေးဟာ ကျောရိုးကင်ဆာကြောင့် လောက၏နောက်ဆံးအချိန်သို့ ရောက်ရှိနေခဲ့ရတာဖြစ်ပါတယ်။

ထိုအခါ လူငယ်လေးက ဂိမ်းကစားချင်ပြီး ပေါ့ပါးစွာဖြတ်သန်းချင်နေခဲ့တာကြောင့် သူငယ်ချင်းများကလည်း ဖြည့်ဆည်းပေးခဲ့တာဖြစ်ပါတယ်။လူငယ်လေးဟာ သူငယ်ချင်းများနှင့်၃နာရီကြာအောင် ပျော်ရွင်စွာ ဂိမ်းကစားပြီးနောက်မှာတော့ ရောဂါကိုအရှုံးပေးကာနှုတ်ဆက်သွားခဲ့ရတော့တာဖြစ်ပါတယ်။

သူငယ်ချင်းများနှင့် ဂိမ်းအတူကစားနေစဥ်မှာ လူငယ်လေးဟာ ဝေဒနါတွေမေ့ပြီး ပျော်ရွင်နေခဲ့သေးတာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment