ဆံပင်ကို အနက်ရောင်ဆိုးပေးမယ်ဆိုပြီး ခရမ်းရောင်ဆိုးပေးလိုက်သည့် သမီးဖြစ်သူကြောင့် စိတ်ဆိုးရမလို ဒေါသထွက်ရမလိုဖြစ်နေခဲ့သည့် အမေအို၏အဖြစ်

ယခုအခါမှာတော့ သမီးဖြစ်သူကို ယုံစားမိလိုက်သည့် အမေအို၏ ရယ်စရာအဖြစ်လေးကို တင်ပြပေးသွားမှာဖြစ်ပါတယ်။သမီးဖြစ်သူက မိခင်ကို ဆံပင်အနက်ရောင် ဆိုးပေးမည်ဟုပြောသောကြောင့် မိခင်ကလည်း ကြည်ဖြူစွာလက်ခံပေးခဲ့ပါတယ်။

ထိုအခါသမီးလေးက ဆိုင်တစ်ခုမှ ဆံပင်ဆိုးဆေးသွားဝယ်ရာတွင် အမဲရောင်မရှိသည့်အတွက် ခရမ်းရောင်ကိုသာ ဝယ်ယူလာခဲ့တာဖြစ်ပါတယ်။ထို့နောက် မိခင်ဖြစ်သူကို ခရမ်းရောင်ဆိုးပေးမယ်ဆိုတာကို လုံးဝမပြောပြခဲ့ဘဲ ဆိုးပေးခဲ့တာဖြစ်ပါတယ်။

ဆိုးပြီးချိန်မှ မိခင်ဖြစ်သူက မှန်သွားကြည့်ခဲ့ရာမှ ဆံပင်ခရမ်းရောင်ဖြစ်နေမှန်းသိလိုက်ရတော့တာဖြစ်ပါတယ်။မိခင်က သမီးဖြစ်သူကို စိတ်ဆိုးရမည်လား ဒေါသထွက်ရမည်လား မသိတော့ဘဲဖြစ်နေခဲ့ပြီး တစ်အိမ်လုံးကတော့ သဘောကျစွာ ရယ်မောနေခဲ့တော့ဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment