ညဏ်ရည်နှင့်ခန္ဓာကိုယ်မသန်စွမ်းသည့် အသက်၃၀အရွယ်သားဖြစ်သူကို ဆိုင်ကယ်အစုတ်လေးဖြင့် တက္ကစီဆွဲပြီး ရှာဖွေကျွေးမွေးနေခဲ့သည့် ဖခင်တစ်ဦး၏မေတ္တာ

သားသမီးတို့သည် မိဘများအတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာများဖြစ်ကြပါတယ်။သားသမီးတို့ကိုပိုင်ဆိုင်နိုင်ရန်အတွက် မည်မျှပင်အခက်အခဲရှိနေပါစေ လက်မလျော့ဘဲ ကြိုးစားနေကြတာဟာ မိဘတို့၏ ကြီးမားလှသော ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှ အသက်၇၀အရွယ်ရှိနေပြီဖြစ်သော ဖခင်တစ်ဦးသည် မွေးရာပါ မသန်စွမ်းဘဲ ညဏ်ရည်ချို့တဲ့နေသည့် သားဖြစ်သူကို မငြီးမငြူဘဲ ပြုစုလုပ်ကျွေးနေရတာဖြစ်ပါတယ်။သားဖြစ်သူဟာ ငယ်စဥ်တည်းက ခန္ဓာကိုယ်မသန်စွမ်းသည့်အပြင် ညဏ်ရည်လည်းမပြည့်မှီတာကြောင့် တစ်ယောက်တည်းဘဝကို ရှင်သန်နိုင်စွမ်းမရှိခဲ့ပေ။

ထို့ကြောင့် ဖခင်ဟာစက်ဘီးအစုတ်လေးဖြင့် တက္ကစီဆွဲပြီး ဝင်ငွေရှာဖွေရင်း သားလေးအတွက် ကြိုးစားရုန်းကန်နေရတာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment