မင်္ဂလာဆောင်ပြီးခါက အသစ်စက်စက်ချွေးမလေးကို နေအိမ်၏ရိုးရာဓလေ့အရဟုဆိုကာ နေအိမ်ဧည့်ခန်းထဲတွင် ၅နာရီကြာအောင် ဒူးထောက်ခိုင်းခဲ့သည့် ယောက္ခမ

နေရာဒေသတစ်ခုစီတိုင်းမှာတော့ ဖိုးဖွားတို့၏ရိုးရာယဥ်ကျေးမှုဓလေ့ထုံစံတွေကို ပိုင်ဆိုင်ထားကြပြီးဖြစ်ပါတယ်။မတူကွဲပြားလှသော ဓလေ့ထုံးစံများအကြားတွင် လူသားတို့သည် ရှင်သန်နေခဲ့ရပြီး တစ်ဦးနှင့်တစ်ဦးရိုးရာဓလေ့တွေကို လက်ခံပေးနိုင်ကြလိမ့်မည်မဟုတ်ပေ။

ယခုတွင်လည်း တရုတ်နိုင်ငံ Jiangxiပြည်နယ် Ganzhouမြို့တွင် မင်္ဂလာပွဲတစ်ခုကို လွန်ခဲ့သောရက်ပိုင်းက ခမ်းနားစွာကျင်းပခဲ့တယ်ဟုသိရပါတယ်။ထို့နောက် မင်္ဂလာပွဲကျင်းပပြီးချိန်တွင် သတိုးသား၏မိသားစုဝင်နှင့်ယောက္ခမတို့ဟာ သတိုးသမီးလေးကို ဧည့်ခန်းထဲ၌ ၅နာရီကြာအောင် ဒူးထောက်နေရန်အတွက် အတင်းအကြပ်စေခိုင်းခဲ့တာဖြစ်ပါတယ်။

ရိုးရာဓလေ့အရဟုဆိုထားသော်လည်း လူအများကတော့ လက်မခံနိုင်ဖြစ်နေကြပြီး သတိုးသမီးလေး၏ဘေးတွင် အဖော်ပြုပေးမည့် သတိုးသားကလည်း ရှိမနေခဲ့တာဟာ ဒေါသထွက်စရာဖြစ်နေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment