သားသမီးတွေကိုအမွေပေးဖို့ လေးထပ်တိုက်အိမ်ကြီးကို လမ်းဘေးတွင်စွန့်ပစ်ထားသည့် အမှိုက်ဟောင်း၊ ပစ္စည်းဟောင်းတွေနဲ့ ၅နှစ်အကြာဆောက်လုပ်ခဲ့သည့် ဖခင်တစ်ဦး

မက္ကဆီကိုနိုင်ငံမှ အသက်၄၇နှစ်အရွယ် ဖခင်တစ်ဦးသည် ဆောက်လုပ်ရေးအလုပ်သမားအဖြစ်လုပ်ကိုင်ခဲ့ပြီး ဝင်ငွေကောင်းချိန်က မိသားစုစားဝတ်နေရေးလည်းအဆင်ပြေနေခဲ့ပေမယ့် အလုပ်ကိုင်အဆင်မပြေဖြစ်သွားသောအခါ ဇနီးသည်နဲ့ဆက်ဆံရေးက အမြဲလိုလိုပြဿနာတွေတက်ပြီး ကွာရှင်းဖို့ဖြစ်လာခဲ့သည်။

ဖခင်ဖြစ်သူသည် အလုပ်ကိုင်ကောင်းချိန် မြေကွက်တစ်ခုကိုဝယ်ယူထားပြီး လေးထပ်အိမ်လေးဆောက်လုပ်ခဲ့ရာမှာ ပထမထပ်နဲ့ဒုတိယထပ်သာ ခိုင်ခံ့အောင် သေချာလေးဆောက်ထားသည်။ဖခင်ဖြစ်သူသည် ကျန်တဲ့အပေါ်နှစ်ထပ်မှာ လမ်းဘေးတွင်စွန့်ပစ်ထားသည့် အမှိုက်ဟောင်း၊ ပစ္စည်းဟောင်းတွေနဲ့ ဆောက်လုပ်ထားကာ နောင်တစ်ချိန်မှာ သားသမီးတွေကို အမွေပေးဖို့ဆုံးဖြတ်ထားသည်။

ဖခင်ဖြစ်သူသည် ထိုလေးထပ်အမှိုက်အိမ်ကြီးကို ၅နှစ်အကြာဆောက်လုပ်ခဲ့တာဖြစ်ပြီး အပေါ်နှစ်ထပ်က ပစ္စည်းဟောင်းများမှာ မခိုင်ခံ့တာကြောင့် ပြိုကျပျက်စီးပြီး အန္တရာယ်ဖြစ်လာမှာကို အိမ်နီးနားချင်းတွေကစိုးရိမ်နေကြပြီး ထိုအိမ်ကြီးအားဖြိုချပစ်ရန် အာဏာပိုင်များကို တောင်းဆိုနေကြသည်။

Nge (Cele Daily)

Zawgyi

သားသမီးေတြကိုအေမြေပးဖို႔ ေလးထပ္တိုက္အိမ္ႀကီးကို လမ္းေဘးတြင္စြန္႔ပစ္ထားသည့္ အမႈိက္ေဟာင္း၊ ပစၥည္းေဟာင္းေတြနဲ႔ ၅ႏွစ္အၾကာေဆာက္လုပ္ခဲ့သည့္ ဖခင္တစ္ဦး

မကၠဆီကိုႏိုင္ငံမွ အသက္၄၇ႏွစ္အ႐ြယ္ ဖခင္တစ္ဦးသည္ ေဆာက္လုပ္ေရးအလုပ္သမားအျဖစ္လုပ္ကိုင္ခဲ့ၿပီး ဝင္ေငြေကာင္းခ်ိန္က မိသားစုစားဝတ္ေနေရးလည္းအဆင္ေျပေနခဲ့ေပမယ့္ အလုပ္ကိုင္အဆင္မေျပျဖစ္သြားေသာအခါ ဇနီးသည္နဲ႔ဆက္ဆံေရးက အၿမဲလိုလိုျပႆနာေတြတက္ၿပီး ကြာရွင္းဖို႔ျဖစ္လာခဲ့သည္။

ဖခင္ျဖစ္သူသည္ အလုပ္ကိုင္ေကာင္းခ်ိန္ ေျမကြက္တစ္ခုကိုဝယ္ယူထားၿပီး ေလးထပ္အိမ္ေလးေဆာက္လုပ္ခဲ့ရာမွာ ပထမထပ္နဲ႔ဒုတိယထပ္သာ ခိုင္ခံ့ေအာင္ ေသခ်ာေလးေဆာက္ထားသည္။ဖခင္ျဖစ္သူသည္ က်န္တဲ့အေပၚႏွစ္ထပ္မွာ လမ္းေဘးတြင္စြန္႔ပစ္ထားသည့္ အမႈိက္ေဟာင္း၊ ပစၥည္းေဟာင္းေတြနဲ႔ ေဆာက္လုပ္ထားကာ ေနာင္တစ္ခ်ိန္မွာ သားသမီးေတြကို အေမြေပးဖို႔ဆုံးျဖတ္ထားသည္။

ဖခင္ျဖစ္သူသည္ ထိုေလးထပ္အမႈိက္အိမ္ႀကီးကို ၅ႏွစ္အၾကာေဆာက္လုပ္ခဲ့တာျဖစ္ၿပီး အေပၚႏွစ္ထပ္က ပစၥည္းေဟာင္းမ်ားမွာ မခိုင္ခံ့တာေၾကာင့္ ၿပိဳက်ပ်က္စီးၿပီး အႏၲရာယ္ျဖစ္လာမွာကို အိမ္နီးနားခ်င္းေတြကစိုးရိမ္ေနၾကၿပီး ထိုအိမ္ႀကီးအားၿဖိဳခ်ပစ္ရန္ အာဏာပိုင္မ်ားကို ေတာင္းဆိုေနၾကသည္။

Nge (Cele Daily)

  • Leave a Comment