စာမကျက်ချင်ပဲ အကြောင်းပြချက်အမျိုးမျိုးပြပြီး ပျင်းရိနေသည့် သမီးလေးကို ငြိမ်ငြိမ်လေးထိုင်ကာ စာကျက်နေမည့်နည်းလမ်းမျိုးကို ရှာဖွေတွေ့ရှိခဲ့သည့် မိခင်

ကလေးများသည် အိမ်စာကိုမလုပ်ချင်ကြပဲ ပျင်းရိသည့်အခါ မိဘ၊မောင်နှမများက စာကျက်ဖို့တိုက်တွန်းလို့မရရင် ဒေါသထွက်ကာ ဆူဆဲခြင်းနဲ့အဆုံးသတ်ကြသည်။သို့ဖြစ်၍ တရုတ်နိုင်ငံ Hebeiပြည်နယ် Baodingမြို့မှ မိခင်တစ်ဦးသည် မူလတန်းအရွယ် သမီးလေးတစ်ယောက်ရှိရာ အိမ်စာလုပ်ဖို့နဲ့ စာကျက်ဖို့ကိုနေ့စဥ်ရက်ဆက်ပြောဆိုနေခဲ့ရသည်။

မိခင်က သမီးလေးအား စာကျက်ခိုင်းသည့်အခါ ရေဆာလို့ထသောက်ရတာနဲ့ အိမ်သာထသွားရတာနဲ့ အကြောင်းအမျိုးမျိုးပြပြီး မိခင်လစ်ရင်လစ်သလို ဆော့ကစားနေခဲ့သည်။ထို့ကြောင့် မိခင်ဖြစ်သူသည် သမီးလေးရဲ့စာကျက်ပျင်းရိမှုကိုပျောက်အောင် သမီးလေးစာကျက်သည့်စားပွဲခုံအောက်ခြေရင်းမှာ ကြက်ဥများစွာကိုချထားပြီး ကြက်ဥတစ်လုံးကွဲပါက အပြစ်ပေးတာကိုခံရမည့်နည်းလမ်းမျိုးသုံးခဲ့သည်။

ထိုအချိန်မှာပဲ သမီးလေးမှာ ဟိုထသွားဒီထသွားမလုပ်တော့ပဲ ငြိမ်ငြိမ်လေးအိမ်စာထိုင်လုပ်နေတာကိုတွေ့ရပြီး မိခင်လည်း သူမရဲ့နည်းလမ်းကို လိုင်းပေါ်မျှဝေခဲ့သည်။

Nge (Cele Daily)

Zawgyi

စာမက်က္ခ်င္ပဲ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးျပၿပီး ပ်င္းရိေနသည့္ သမီးေလးကို ၿငိမ္ၿငိမ္ေလးထိုင္ကာ စာက်က္ေနမည့္နည္းလမ္းမ်ိဳးကို ရွာေဖြေတြ႕ရွိခဲ့သည့္ မိခင္

ကေလးမ်ားသည္ အိမ္စာကိုမလုပ္ခ်င္ၾကပဲ ပ်င္းရိသည့္အခါ မိဘ၊ေမာင္ႏွမမ်ားက စာက်က္ဖို႔တိုက္တြန္းလို႔မရရင္ ေဒါသထြက္ကာ ဆူဆဲျခင္းနဲ႔အဆုံးသတ္ၾကသည္။သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံ Hebeiျပည္နယ္ Baodingၿမိဳ႕မွ မိခင္တစ္ဦးသည္ မူလတန္းအ႐ြယ္ သမီးေလးတစ္ေယာက္ရွိရာ အိမ္စာလုပ္ဖို႔နဲ႔ စာက်က္ဖို႔ကိုေန႔စဥ္ရက္ဆက္ေျပာဆိုေနခဲ့ရသည္။

မိခင္က သမီးေလးအား စာက်က္ခိုင္းသည့္အခါ ေရဆာလို႔ထေသာက္ရတာနဲ႔ အိမ္သာထသြားရတာနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး မိခင္လစ္ရင္လစ္သလို ေဆာ့ကစားေနခဲ့သည္။ထို႔ေၾကာင့္ မိခင္ျဖစ္သူသည္ သမီးေလးရဲ႕စာက်က္ပ်င္းရိမႈကိုေပ်ာက္ေအာင္ သမီးေလးစာက်က္သည့္စားပြဲခုံေအာက္ေျခရင္းမွာ ၾကက္ဥမ်ားစြာကိုခ်ထားၿပီး ၾကက္ဥတစ္လုံးကြဲပါက အျပစ္ေပးတာကိုခံရမည့္နည္းလမ္းမ်ိဳးသုံးခဲ့သည္။

ထိုအခ်ိန္မွာပဲ သမီးေလးမွာ ဟိုထသြားဒီထသြားမလုပ္ေတာ့ပဲ ၿငိမ္ၿငိမ္ေလးအိမ္စာထိုင္လုပ္ေနတာကိုေတြ႕ရၿပီး မိခင္လည္း သူမရဲ႕နည္းလမ္းကို လိုင္းေပၚမွ်ေဝခဲ့သည္။

Nge (Cele Daily)

  • Leave a Comment