သူမရဲ့ ခန္ဓာကိုယ်ကို အနောက်ကနေကြည့်လိုက်ရင် အသက်၂၀အရွယ် မိန်းကလေးငယ်တစ်ဦးလို့ထင်ရသည့် ခန္ဓာကိုယ်မျိုးပိုင်ဆိုင်ထားသော အသက်၆၂နှစ်အရွယ် အဖွားအို

လူတိုင်းက အသက်အရွယ်ကြီးလာတာနဲ့အမျှ တားဆီးလို့မရအောင် ရုပ်ရည်သွင်ပြင်ကလည်း ပြောင်းလဲသွားတတ်ကြကာ ငယ်ရွယ်နုပျိုသူများကိုတွေ့ပါက အားကျရသည်။သို့ဖြစ်၍ တရုတ်နိုင်ငံက အသက်၆၂နှစ်အရွယ် အဖွားတစ်ဦးသည် အလုပ်ကနေအနားယူပြီး ၇နှစ်လောက်ကြာသည်ထိ အားကစားရုံမှာ Gymပုံမှန်ကစားလေ့ရှိခဲ့သည်။

အဖွားအိုသည် လေ့ကျင့်ခန်းကို တစ်ပတ်မှာ၅ကြိမ်အမြဲလုပ်ဖြစ်ပြီး သူမရဲ့ ခန္ဓာကိုယ်က အနောက်ကနေကြည့်လိုက်ရင် အသက်ငယ်ငယ်ကောင်မလေးနဲ့တူနေပြီး သူမရဲ့ရုပ်ရည်မှန်ကိုမြင်ရသည့်အခါ အကုန်လုံးက အံ့အားသင့်ကြရသည်။

အဖွားအိုရဲ့ခန္ဓာကိုယ်သည် သူမရဲ့အသက်အရွယ်နဲ့ အသားရည်တွေက တွဲကျပျော့ပျောင်းနေတာမျိုးမဟုတ်ပဲ ကြွက်သားတွေက ပြည့်ပြည့်တင်းတင်းလေးဖြစ်နေဆဲဖြစ်သည်။

Nge (Cele Daily)

Zawgyi





Nge (Cele Daily)

  • Leave a Comment