ယနေ့ခေတ်သည် အမျိုးသားများနဲ့ အမျိုးသမီးများ တန်းတူရင်ဘောင်တန်းလာကြ၍ အမျိုးသားတွေလုပ်ကိုင်သည့် မည်သည့်အလုပ်မျိုးမဆို အမျိုးသမီးတွေလည်း ပါဝင်လုပ်ဆောင်လာကြပြီဖြစ်သည်။သို့ဖြစ်၍ အင်္ဂလန်နိုင်ငံမှ အသက်၂၀နှစ်အရွယ် မိန်းကလေးတစ်ဦးသည် အပြင်ပန်းပြင်ဆင်မှုအရ မော်ဒယ်မလေးနဲ့ပင်တူနေသော်လည်း သူ့ရဲ့အလုပ်က ဖခင်နဲ့အတူ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ လုပ်ကိုင်နေခြင်းဖြစ်တာကြောင့် မြင်တွေ့သူတိုင်းက အံ့အားသင့်ခဲ့ရသည်။
မိန်းကလေးသည် အခြားသော ဆောက်လုပ်ရေးအလုပ်သမားတွေလို မဟုတ်ပဲ မျက်နှာမှာမိတ်ကပ်၊နှုတ်ခမ်းနီလိမ်းခြယ်ကာ လက်သည်းကလည်း အရှည်ကြီးထားပြီး အလှပုံပါဖော်ထားခဲ့သည်။
ပုံမှန်အားဖြင့် လက်သည်းရှည်နေရင် အလုပ်ကြမ်းလုပ်မရပဲ ခဏခဏကျိုးပဲ့တတ်ပေမယ့် မိန်းကလေးသည် သူမရဲ့အသက်၁၂နှစ်သမီးအရွယ်မှာပဲ ဖခင်နဲ့ပန်းရံအလုပ်လိုက်လုပ်ခဲ့တာကြောင့် ကျွမ်းကျင်နေပြီဖြစ်ကာ လက်သည်းရှည်တိုင်းပဲ လှပနေခဲ့သည်။
Nge (Cele Daily)
Zawgyi
မိတ်ကပ်တွေနဲ့အမိုက်စားအလှပြင်ထားပြီး လက်သည်းအရှည်နဲ့ ဆောက်လုပ်ရေးတစ်ခုမှာ ပန်းရံသမားအဖြစ်အလုပ်ဆင်းပြီး မော်ဒယ်မလေးနဲ့ပင်တူနေသော အသက်၂၀နှစ်အရွယ် မိန်းမချောလေး
Nge (Cele Daily)