လူငယ်အများစုတို့သည် တက္ကသိုလ်တက်တာဖြစ်ဖြစ် အလုပ်လုပ်တာဖြစ်ဖြစ် အဆောင်ငှားနေကြရကာ အခန်းခသက်သာဖို့ နှစ်ယောက်သုံးယောက်အတူပေါင်းပြီး နေကြသည်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံက မိန်းကလေးသူငယ်ချင်းနှစ်ဦးသည် အဆောင်တစ်ခုမှာ တစ်ခန်းအတူငှားနေရင်း မီတာခကြေးမှာ ဗီယက်နမ်ငွေဒေါင်၂သန်းကုန်ကျခဲ့သည်။
ထိုအခါ မိန်းကလေးတစ်ဦးမှ သူမရဲ့လုပ်အားခလစာမှာ တစ်လကိုဒေါင်၅သန်းသာရတာကြောင့် သူငယ်ချင်းဖြစ်သူအား မီတာခကြေးတစ်ဝက်ပေးဆောင်ပေးရန် တောင်းဆိုခဲ့ပေမယ့် သူငယ်ချင်းကလက်မခံခဲ့ပေ။
ထို့ကြောင့် မိန်းကလေးလည်း စိတ်တိုပြီး သူငယ်ချင်းဖြစ်သူအား တစ်နေကုန် အဲကွန်းဖွင့်ထားပြီး ညဖက်မှာလည်း အေးနေတာကို အဲကွန်းပိတ်မည့်အစား စောင်ခြုံပြီးအိပ်တဲ့အကြောင်း ဒေါသတကြီးနဲ့ပြောဆိုကာ ဘယ်သူမှားဘယ်သူမှန်ကြောင်း ဆုံးဖြတ်ပေးရန် လိုင်းပေါ်မျှဝေခဲ့သည်။
Nge (Cele Daily)
Zawgyi
ညဖက်မှာအေးနေတာကို အဲကွန်းပိတ်မည့်အစား စောင်ခြုံပြီးအိပ်တတ်တဲ့ သူငယ်ချင်းဖြစ်သူဆီ မီတာခဆောင်ဖို့တစ်ဝက်ပေးရန် ပြောဆိုခဲ့ပေမယ့် လက်မခံခဲ့တာကြောင့် လိုင်းပေါ်တင်ခဲ့သည့် မိန်းကလေး