အိမ်နီးချင်းရဲ့သစ်ပင်ပေါ်မှာ ငှက်ကလေးတွေကအသိုက်လုပ်ပြီးနေနေ၍ နေ့တိုင်းဆူညံသံကြားနေရကာ အနှောင့်အယှက်ဖြစ်တယ်ဆိုပြီး သူ့ရဲ့အိမ်ဖက်ထွက်နေသော သစ်ပင်တစ်ခြမ်းလုံးကိုခုတ်ဖြတ်ပစ်ခဲ့သည့် အမျိုးသား

အိမ်နီးနားချင်းတွေနဲ့ သဘောထားကွဲလွဲပြီး စကားများရန်ဖြစ်တာမျိုးတွေကို လူတိုင်းနီးပါးကြုံဖူးမည်ဟု ထင်မိသည်။ယခုတွင်လည်း အင်္ဂလန်နိုင်ငံမှ အသက်၅၇နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် အိမ်နီးချင်းကမိသားစုဝင်တွေနဲ့ နှစ်အတော်ကြာ ခင်မင်ရင်းနှီးပြီး ဝင်ထွက်သွားလာတာတွေရှိခဲ့ပေမယ့် အိမ်ရှေ့ကသစ်ပင်တစ်ပင်အတွက်နဲ့ ရန်ဖြစ်စကားများကာ တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောဖြစ်ကုန်ကြသည်။

အိမ်နီးနားချင်းရဲ့အိမ်ရှေ့ရှိ သစ်ပင်တစ်ပင်မှာ ၂၅နှစ်ကြာပြီဖြစ်ပြီး ရုတ်တရက် ငှက်ကလေးများသည် ထိုသစ်ပင်ပေါ်မှာ အသိုက်လုပ်ပြီး လာနေနေ၍ အမျိုးသားဖြစ်သူမှ နေ့စဉ်ငှက်ကလေးတွေရဲ့ဆူညံကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။

ထို့ကြောင့်ပဲ သစ်ပင်ကိုခုတ်ပစ်ဖို့ အိမ်နီးချင်းအား အကြံပေးခဲ့ပေမယ့် တစ်နှစ်လောက်ကြာသည်ထိ လျစ်လျူရှုထားတာကြောင့် အမျိုးသားမှာကိုယ်တိုင်ပဲ သူ့ရဲ့အိမ်ဖက်ထွက်နေသော သစ်ကိုင်းတစ်ခြမ်းလုံးကို ခုတ်ဖြတ်ရှင်းလင်းပစ်ခဲ့သည်။အကိုင်းအခက်တွေတစ်ခြမ်းပဲရှိသော သစ်ပင်ကြောင့် မြင်တွေ့သူများက အံ့အားသင့်ကုန်ကြပြီး ခရီးသွားတွေရဲ့ဆွဲဆောင်မှုတစ်ခုဖြစ်စေခဲ့သည်။

Nge (Cele Daily)

Zawgyi

အိမ္နီးခ်င္းရဲ႕သစ္ပင္ေပၚမွာ ငွက္ကေလးေတြကအသိုက္လုပ္ၿပီးေနေန၍ ေန႔တိုင္းဆူညံသံၾကားေနရကာ အေႏွာင့္အယွက္ျဖစ္တယ္ဆိုၿပီး သူ႔ရဲ႕အိမ္ဖက္ထြက္ေနေသာ သစ္ပင္တစ္ျခမ္းလုံးကိုခုတ္ျဖတ္ပစ္ခဲ့သည့္ အမ်ိဳးသား

အိမ္နီးနားခ်င္းေတြနဲ႔ သေဘာထားကြဲလြဲၿပီး စကားမ်ားရန္ျဖစ္တာမ်ိဳးေတြကို လူတိုင္းနီးပါးႀကဳံဖူးမည္ဟု ထင္မိသည္။ယခုတြင္လည္း အဂၤလန္ႏိုင္ငံမွ အသက္၅၇ႏွစ္အ႐ြယ္ အမ်ိဳးသားႀကီးတစ္ဦးသည္ အိမ္နီးခ်င္းကမိသားစုဝင္ေတြနဲ႔ ႏွစ္အေတာ္ၾကာ ခင္မင္ရင္းႏွီးၿပီး ဝင္ထြက္သြားလာတာေတြရွိခဲ့ေပမယ့္ အိမ္ေရွ႕ကသစ္ပင္တစ္ပင္အတြက္နဲ႔ ရန္ျဖစ္စကားမ်ားကာ တစ္ေယာက္နဲ႔တစ္ေယာက္ မေခၚမေျပာျဖစ္ကုန္ၾကသည္။

အိမ္နီးနားခ်င္းရဲ႕အိမ္ေရွ႕ရွိ သစ္ပင္တစ္ပင္မွာ ၂၅ႏွစ္ၾကာၿပီျဖစ္ၿပီး ႐ုတ္တရက္ ငွက္ကေလးမ်ားသည္ ထိုသစ္ပင္ေပၚမွာ အသိုက္လုပ္ၿပီး လာေနေန၍ အမ်ိဳးသားျဖစ္သူမွ ေန႔စဥ္ငွက္ကေလးေတြရဲ႕ဆူညံေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္ေစခဲ့သည္။

ထို႔ေၾကာင့္ပဲ သစ္ပင္ကိုခုတ္ပစ္ဖို႔ အိမ္နီးခ်င္းအား အႀကံေပးခဲ့ေပမယ့္ တစ္ႏွစ္ေလာက္ၾကာသည္ထိ လ်စ္လ်ဴရႈထားတာေၾကာင့္ အမ်ိဳးသားမွာကိုယ္တိုင္ပဲ သူ႔ရဲ႕အိမ္ဖက္ထြက္ေနေသာ သစ္ကိုင္းတစ္ျခမ္းလုံးကို ခုတ္ျဖတ္ရွင္းလင္းပစ္ခဲ့သည္။အကိုင္းအခက္ေတြတစ္ျခမ္းပဲရွိေသာ သစ္ပင္ေၾကာင့္ ျမင္ေတြ႕သူမ်ားက အံ့အားသင့္ကုန္ၾကၿပီး ခရီးသြားေတြရဲ႕ဆြဲေဆာင္မႈတစ္ခုျဖစ္ေစခဲ့သည္။

Nge (Cele Daily)

  • Leave a Comment