မိတ်ကပ်အလှပြင်ရာ၌ မျက်ခုံးမွှေးဆွဲခြင်းသည်လည်း အမျိုးသမီးများအတွက် ရေပန်းစားကာ လူငယ်များတင်မကပဲ အရွယ်လတ်ပိုင်း အန်တီကြီးများကပင် မျက်ခုံးမွှေးကို တက်တူးထိုးလာကြသည်။
ယခုတွင်လည်း ထိုင်းနိုင်ငံက အမျိုးသမီးတစ်ဦးသည် သူငယ်ချင်းတွေနဲ့အတူ သောက်စားပျော်ပါးရင်း သူမရဲ့မျက်ခုံးမွှေးက ပါးလွန်းတာကြောင့် ပြုပြင်ပြောင်းလဲလိုကြောင်း ရင်ဖွင့်ခဲ့သည်။သူတို့သူငယ်ချင်းတွေထဲတွင် တက်တူးရေးထိုးသူလည်းပါခဲ့တာကြောင့် အမျိုးသမီးအဒေါ်ကြီးမှာ အရက်မူးမူးနဲ့ မျက်ခုံးမွှေးတက်တူးကို ထိုးပစ်ခဲ့သည်။
အမျိုးသမီးသည် မနက်လည်းမိုးလင်းရော မျက်နှာသစ်ပြီး အလှပြင်ဖို့မှန်ရှေ့သွားကြည့်ရာ၌ သူမရဲ့မျက်ခုံးမွှေးနှစ်ဖက်ကိုမြင်ပြီး လန့်ဖျတ်မိသွားခဲ့သည်။တက်တူးထိုးခဲ့တာကြောင့် အမျိုးသမီးရဲ့မျက်ခုံးမွှေးမှာ ဖျတ်ပစ်ဖို့မလွယ်တော့တာကြောင့် မှန်ကြည့်တိုင်း ကြေကွဲရသည့်အဖြစ်ကို ရောက်ရှိခဲ့ရသည်။
Nge (Cele Daily)
Zawgyi
သူငယ်ချင်းတွေနဲ့အတူ သောက်စားပျော်ပါးရင်း အမူးလွန်ပြီး သူငယ်ချင်းဖြစ်သူကိုယ်တိုင် တက်တူးထိုးပေးခဲ့တာကြောင့် မနက်မိုးလင်းမှ မှန်ပြန်ကြည့်ချိန် ကိုယ့်ကိုပြန်လန့်နေခဲ့တဲ့ အမျိုးသမီး
Nge (Cele Daily)