လူတော်တော်များများက ကိုယ်ချစ်ရတဲ့သူ၊မိသားစုတွေထဲက ဆုံးပါးသွားသည့်အခါ သတိရချိန်၌ အုတ်ဂူသို့သွားရောက်လည်ပတ်တာမျိုးပြုလုပ်တတ်ကြသည်။ယခုတွင်လည်း မက္ကဆီကိုနိုင်ငံက လူငယ်လေးတစ်ဦးသည် ကွယ်လွန်သွားပြီဖြစ်တဲ့ ချစ်လှစွာသော အဖွားရဲ့အုတ်ဂူဆီသို့ သွားရောက်လည်ပတ်ရာမှာ အုတ်ဂူလေးက နေပူမိုးရွာပြီး ဟောင်းနေတာကို တွေ့ခဲ့ရသည်။
ထိုအခါ ကောင်လေးသည် အဖွားရဲ့အုတ်ဂူကို ပြုပြင်ပေးချင်တာကြောင့် သူဝါသနာပါသော ပန်းချီအနုပညာကို အသုံးချကာ အုတ်ဂူပေါ်မှာ ရောင်စုံပန်းချီကားချပ်လေးတစ်ခု ရေးဆွဲခဲ့သည်။
ကောင်လေးရဲ့ ပန်းချီလက်ရာမှာ အရမ်းကိုသေသပ်လှပသလို စွဲမက်ဖွယ်ကောင်းတာကြောင့် မြင်တွေ့သူများက သူတို့ရဲ့ဘိုးဘွားအုတ်ဂူတွေမှာလည်း ပန်းချီကားရေးဆွဲရန် ကမ်းလှမ်းခဲ့ကြသည်။
Nge (Cele Daily)
Zawgyi
ဟောင်းနေပြီဖြစ်သော အဖွားဖြစ်သူရဲ့အုတ်ဂူဖြူကြီးကို လှပပြီးစွဲမက်ဖွယ်ကောင်းသော ရောင်စုံပန်းချီကားချပ်အဖြစ် ရေးဆွဲဖန်တီးပေးခဲ့တဲ့ လူငယ်လေး
Nge (Cele Daily)